နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောင်ချိုမြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

နောင်ချို စက်တင်ဘာ ၉


 စက်တင်ဘာ ၇ ရက်၊ ည ၁၀ နာရီ ၄၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် စိုင်းထွန်းအေး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ် ခွကြားရှိ ဆာလာအိတ်အတွင်းမှ ဘိန်းစိမ်း ၉ ဒသမ ၁ ကီလို၊ ၎င်းထံမှ မြန်မာငွေ ၄၅,၀၀၀ ကျပ်နှင့် လက်ကိုင် ဖုန်းတစ်လုံးတို့ဖမ်းဆီးရမိခဲ့သည်။ 

အလားတူ ည ၁၀ နာရီ ၅၅ မိနစ်အချိန် စိုင်းအိုက်ဖုန်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ခွကြားရှိဆာလာအိတ်အတွင်းမှ ဘိန်းစိမ်း ၇ ဒသမ ၈ ကီလိုနှင့် ၎င်းထံမှ လက်ကိုင် ဖုန်းတစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းထွန်းအေး(၃၆)နှစ်၊ စိုင်းအိုက်ဖုန်း(၂၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသေဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ