နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

နေပြည်တော် စက်တင်ဘာ ၉


စက်တင်ဘာ ၇ ရက်၊ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၉၈/၄)နှင့်(၁၉၈/၅)ကြား၊ ရန်ကုန်-နေပြည်တော် လမ်းပိုင်းတွင် ယာဉ်မောင်း ဦးသီဟ မောင်းနှင်လာသော MDY/2B-xxxx Landcruiser ယာဉ်သည် နောက်ဝဲဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်သို့ ပက်လက်လန် တိမ်းမှောက်မှုဖြစ်ပွားသဖြင့် ပလွေး အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေ ကယ်ဆယ် ရေးလုပ်ငန်းများသွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။ အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် Landcruiser ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်းဦးသီဟအား ပလွေး အမြန်လမ်းရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ