နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယ နည်းပညာတက္ကသိုလ်တစ်ခုတွင် VR နည်းပညာ အသုံးပြုပြီး ဘွဲ့ယူခဲ့ကြ

စက်တင်ဘာ   ၈


COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန်ဖြစ်သောကြောင့် ကျောင်းများ၊ တက္ကသိုလ်များ၊ စားသောက်ဆိုင် များသည် အချိန်အတိုင်းအတာတစ်ခုအထိ ပိတ်ထားကြရသည်။

အဆိုပါကပ်ရောဂါကြီးသည် အချိန်မည်မျှကြာနိုင်မည်ကို မသိရှိနိုင်သောကြောင့် တက္ကသိုလ်များ၊ ကျောင်းများပြန်ဖွင့်ရန် မသေချာသည့်အခြေအနေဖြစ်နေသည်။ အိန္ဒိယနိုင်ငံက တက္ကသိုလ်တစ်ခုက ယင်းတို့ဘွဲ့နှင်းသဘင်ပွဲတစ်ခုကို ကျင်းပခဲ့သည်။ ယင်းတို့ကျင်းပသည့် ဘွဲ့နှင်းသဘင်ပွဲကို VR နည်းပညာအသုံးပြုပြီး ဘွဲယူခဲ့ကြခြင်းဖြစ်ကြောင်း CNN သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါတက္ကသိုလ်မှာ အိန္ဒိယနိုင်ငံက နည်းပညာတက္ကသိုလ်တစ်ခုဖြစ်သည့် IIT (Indian Institute of Technology) တက္ကသိုလ်ဖြစ်သည်။  IIT တက္ကသိုလ်ကလည်း နည်းပညာတက္ကသိုလ်တစ်ခုဖြစ်သော ကြောင့် VR နည်းပညာအသုံးပြုပြီး အခမ်းအနားပုံစံ ပြုလုပ်ခဲ့သည်။ ဘွဲ့ယူမည့် ကျောင်းသား ၂,၀၀၀ လုံးသည် မိမိပုံစံကို VR နည်းပညာဖြင့် စိတ်ကြိုက်ဖန်တီးပြီး IIT တက္ကသိုလ် Email ကို ပို့ပေးလိုက်ပြီး အဆိုပါ IIT တက္ကသိုလ်က တာဝန်ရှိသူများက လိုအပ်သည်များကို ပြန်ပြင်ဆင်ပြီး ဘွဲ့ယူအခမ်းအနားပွဲကို ပြည်တွင်း သတင်းချန်နယ်နှစ်ခုကသာမက Facebook နှင့် Youtube တို့ကပါ Live လွှင့်ပေးခဲ့သည်။

“ကျောင်းသား၊ ကျောင်းသူတွေသာမကပါဘူး။ ကျွန်တော်တို့ဆီက ပါမောက္ခတွေလည်း သူတို့ရဲ့ VR ပုံစံကို သူတို့ဘာသာ ဖန်တီးခဲ့ရတာပါ။ ကျွန်တော်ကတော့ ဒီဘွဲ့ယူပွဲကို တော်တော်လေးကို ကျေနပ်အားရပါတယ်။ ကျွန်တော်တို့ဆီက ကျောင်းသားတွေရဲ့ သူတို့ကိုယ်ပိုင် VR ပုံစံ ဖန်တီးမှုတွေကလည်း တော်တော်လေးကို ပြည့်စုံပါတယ်”ဟု  IIT တက္ကသိုလ်၏ Director ဖြစ်သူ Subhasis Chaudhuri က ပြောကြားထားခဲ့သည်။


(WP)






အခြားဆက်စပ်သတင်းများ