နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Tecno က မိတ်ဆက်လိုက်သည့် Camon 16 စီးရီး ဖုန်းသစ် ၃ မျိုး

စက်တင်ဘာ   ၈


Tecno သည် Camon 16 ၊ 16 Pro နှင့် 16 Premier ဖုန်းသစ်သုံးမျိုးကို မိတ်ဆက်လိုက်သည်။ Tecno Camon 16 စီးရီး ဖုန်းသုံးမျိုးစလုံးသည် ကျောဘက်တွင် ကင်မရာ ၄ လုံး၊ ရှေ့ဘက်ကင်မရာ ၂ လုံး စုစုပေါင်း ကင်မရာ ၆ လုံးဖြင့် ထွက်ရှိလာမည်ဖြစ်သည်။ 

Tecno Camon 16 Premier သည် ကင်ညာဈေးကွက်တွင် ရောင်းချထားပြီး ကျန် Tecno Camon 16 Pro နှင့် Tecno Camon 16 တို့ကို ယခုလကုန်ပိုင်းတွင် ဖြန့်ချိသွားရန် စီစဉ်ထားကြသည်။

Tecno Camon 16  စီးရီးဖုန်းသစ်များတွင် ထူးခြားသည့် function များ feature များစွာ ထည့်သွင်း ပေးထားသည့်အတွက်ကြောင့် သုံးစွဲသူများ အကြိုက်တွေ့စေနိုင်မည်။  RAM 8GB/128GB storage ဗားရှင်း Camon 16 Premier ကို ကင်ညာသျှီလင် ၂၈၉၉၉ (မြန်မာငွေ ၃ သိန်းခွဲကျော်) ဈေးရှိကြောင်း သိရသည်။


(WP)






အခြားဆက်စပ်သတင်းများ