နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Rollme Hero စမတ်နာရီသစ်တွင် Snapdragon Wear 4100+ အသုံးပြုလာမည်

စက်တင်ဘာ   ၈


Rollme Hero က Full Screen သုံး ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းဖြစ်လာမည့်အပြင် Qualcomm Snapdragon Wear 4100+ အသုံးပြုလာမည့် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းဖြစ်လာမည်ဖြစ်ကြောင်း ကုမ္ပဏီက အတည်ပြုလာသည်။

Qualcomm က Snapdragon Wear 4100+ ကို ဇူလိုင်လက ကြေညာခဲ့ခြင်းဖြစ်ပြီး 12nm Chipset ဖြစ်ကာ စမတ်နာရီများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားသည့် Chipset ဖြစ်သည်။

Snapdragon 4100+ က စွမ်းဆောင်ရည်မြင့် Chipset ဖြစ်သည့်အပြင် Ultra-Power Co-Processor ပါဝင်သည်။ စမတ်နာရီအသုံးပြုသူများအတွက် အလွန်လျင်မြန်သည့် စွမ်းဆောင်ရည်မျိုးဖြင့် သုံးနိုင်အောင် လုပ်ဆောင်ထားသည့်အပြင် Always-on စနစ်လည်း ပါဝင်သလို ဘက်ထရီ ပိုမိုအသုံးခံအောင်လည်း လုပ်ဆောင်ထားသည်။

Quad-Core Wear 4100+ SoC ၏ မြန်နှုန်းက 1.78GHz အထိရှိပြီး Qualcomm ၏ စမတ်နာရီ Chipset များထဲတွင် အမြန်ဆုံးဖြစ်သလို စမတ်နာရီတစ်လုံးအတွက် အလွန်မြင့်မားသည့်မြန်နှုန်းဖြစ်သည်။

Rollme Hero မှာ Snapdragon Wear 4100+ ၊ Full Screen အသုံးပြုလာမှုနှင့်အတူ ဈေးနှုန်းကလည်း   မြင့်မားလာမည်ဖြစ်သည်။                                                                                                       

(သူရိန်)






အခြားဆက်စပ်သတင်းများ