နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌လူငယ်များ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး

ရန်ကုန်   စက်တင်ဘာ ၇


မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးများ အဖြစ်များနေသော ကာလဖြစ်သည်။ လူ့ပယောဂကြောင့်ဖြစ်သော ဘေးများကို မဖြစ်စေအောင်တားဆီး၍ရကောင်းမည်ဖြစ်သော်လည်း သဘာဝ ပယောဂကြောင့်ဖြစ်သော ဘေးများကို တားဆီး၍ရနိုင်မည်မဟုတ်ပေ။ ယနေ့အချိန်အခါတွင် သဘာဝပယောဂ ကြောင့် ဘေးများအဖြစ်များလာပြီး ဘေးကြောင့် လူ့အသက်၊ အိုးအိမ်၊ စည်းစိမ်များ အခြေခံအဆောက်အအုံများနှင့် သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးဆုံးရှုံးမှုများသည်လည်း ပိုမိုများပြားလာလျက်ရှိသည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် ရင်ဆိုင်ကြုံတွေ့နေရသော ပတ်ဝန်းကျင်ယိုယွင်း ပျက်စီးမှု၊ စိန်ခေါ်မှုပြဿနာများအနက် လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာနှင့်အဝန်း နှစ်စဉ်လူဦးရေ (၇) သန်းခန့် အရွယ်မတိုင်ခင် သေဆုံးနေရသည့်အတွက် လေထုသန့်ရှင်းစေရေးကို ဦးစားပေးအနေဖြင့် ဖြေရှင်းဆောင်ရွက် သွားရန်လိုအပ်သည်။ လူသားနှင့် သက်ရှိအားလုံးအသက်ရှင်နေထိုင်ရန်အတွက် သန့်ရှင်းသော လေကို ရှုရှိုက်ခွင့်ရရှိရန် အရေးကြီးသည်။

ယနေ့အချိန်အထိ ကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်နေသော COVID-19 ရောဂါပိုးက မျိုးရိုးဗီဇအသွင်ပြောင်း လာမှုများရှိနေပြီး ပိုမိုကူးစက်ပြန့်ပွားလွယ်သည့် ပုံစံဖြစ်လာကာ တစ်ကျော့ပြန် ရောဂါကူးစက်မှု ဖြစ်ပေါ်လာခဲ့ သည်။ ယခုအခါ သိပ္ပံပညာရှင်များ   COVID-19 ရောဂါပိုးသည် လေထဲမှ ပျံ့နှံ့ကူးစက်သည်ဆိုသော အချက်ကို လက်ခံယုံကြည်လာကြသည်။ အခြားကူးစက်နည်းလမ်းများထက် လေထဲမှ ပျံ့လွင့်ကူးစက်ခြင်းက ပိုမိုများပြား ကြောင်း သက်သေအထောက်အထားများဖြင့် ဖော်ပြနေသည်။

လေထဲမှ ပျံ့လွင့်ကူးစက်မှုကို ရှောင်ကြဉ်နိုင်ရန် လူစုလူဝေးများသည့် နေရာ၊ အလုံပိတ်ခန်းမများ၊ လေဝင် လေထွက်မကောင်းသည့် နေရာ၊ နီးကပ်စွာစကားပြောဆိုခြင်း၊ နှာခေါင်းစည်းမတပ်ခြင်းတို့ကို ရှောင်ကြဉ်ရန် အရေးကြီးသည်။

သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့၏ အန္တရာယ်ကို လျင်မြန်စွာ ရင်ဆိုင်တုံ့ပြန်ကျော်လွှားရာတွင် ပရဟိတ လူငယ်များ၏ တက်ကြွစွာပါဝင်ဆောင်ရွက်မှုသည် အလွန်ထိရောက်အကျိုးရှိသည်။ မြန်မာနိုင်ငံမှ လူငယ် အများစုသည် ပရဟိတစိတ်ဓာတ်ပြည့်ဝပြီး ဖြစ်ပေါ်လာခဲ့သော သဘာဝဘေးအန္တရာယ်များတွင် အများအကျိုး အတွက် စွန့်လွှတ်အနစ်နာခံမှု၊ ရိုးသားကြိုးစားမှု ပုံရိပ်များက ကမ္ဘာကပင် အသိအမှတ်ပြုကြရသည်။ လူသား နှင့် သက်ရှိအားလုံးအတွက် အရေးကြီးသော COVID-19 ရောဂါကာကွယ်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင် ရွက်ရာတွင် ပရဟိတလူငယ်များ၏ အင်အားကို ခိုင်မာတောင့်တင်းစေချင်ကြောင်း ။       ။






အခြားဆက်စပ်သတင်းများ