နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
OnePlus က မိတ်ဆက်သွားမည့် OnePlus 8T

စက်တင်ဘာ   ၇


နှစ်တစ်နှစ် ကုန်ဆုံးခါနီးတိုင်း T-series flagship ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်နေကျ ထုံးစံအတိုင်း မကြာမီအချိန်တွင် OnePlus 8T ကို မိတ်ဆက်သွားမည်ဖြစ်ကြောင်းကို OnePlus က သိရသည်။

OnePlus 8T သည် ယခုနှစ်ထဲထွက်ရှိထားသည့် OnePlus 8/8 Pro တို့၏အဆက်ဖြစ်ပြီး ပိုမိုသစ်လွင်သည့် Processor ဖြင့်ထွက်ရှိလာမည်ဖြစ်သည်။

Android Central သတင်းအရ OnePlus 8T သည် Qualcomm ၏ Snapdragon 865 Plus SoC အသုံးပြုထားပြီး RAM 8GB/128GB storage ပါရှိမည်ဖြစ်သည်။ ကျောဘက်တွင် လေးလုံးတွဲ ကင်မရာစနစ် အသုံးပြုသွားရန် စီစဉ်ထားပြီး 48MP main sensor ၊ 16MP wide-angle ကင်မရာ ၊ 5MP macro unit နှင့် portraits အတွက် 2MP depth sensor တို့ အသုံးပြုသွားမည်ဟု သတင်းများထွက်ပေါ်နေသည်။

ယင်းစမတ်ဖုန်းတွင် ထူးခြားသည့် feature သစ်များစွာလည်း ပါဝင်သည့်အတွက်ကြောင့် သုံးစွဲသူများ အကြိုက်တွေ့စေမည့် စမတ်ဖုန်းတစ်လုံးလည်းဖြစ်သည်။

စမတ်ဖုန်းကို စက်တင်ဘာလကုန် သို့မဟုတ် အောက်တိုဘာ ပထမပတ်ထဲတွင် မိတ်ဆက်သွားနိုင်ရန် စီစဉ်လျက်ရှိကြသည်။


(WP)






အခြားဆက်စပ်သတင်းများ