စက်တင်ဘာ ၇
လာမည့် ၂၀၂၀−၂၀၂၁ စီးရီးအေပွဲစဉ်ဇယားများကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ဂျူဗင်တပ်မှာ ရာသီအစပထမဆုံးပွဲစဉ်အဖြစ် ဆမ်ဒိုးရီးယားကို အိမ်ကွင်းလက်ခံကစားရမှာဖြစ်ပါ တယ်။ အေစီမီလန်က ဘိုလော့နာကို အိမ်ကွင်းလက်ခံကစားရမှာဖြစ်ပါတယ်။ အင်တာမီလန်ကတော့ အဝေးကွင်းမှာ တန်းတက်ဘီနီဗန်တို့ထံ သွားရောက်ကစားရမှာဖြစ်ပါတယ်။ စီးရီးအေရဲ့အဖွင့်ပွဲစဉ်အဖြစ် လာဇီယိုနဲ့အတ္တလန်တာတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ စီးရီးအေရဲ့ ပွဲစဉ် ၃ မှာဆိုရင် ဂျူဗင်နဲ့ နာပိုလီ၊ လာဇီယိုနဲ့ အင်တာတို့တွေ့ဆုံနေတဲ့ ပွဲကောင်းတွေပါဝင်နေပါတယ်။ ဂျူဗင်တပ်ရဲ့နည်းပြသစ် ပီယာလိုကမူ ဂျူဗင်တပ်ရဲ့ပွဲစဉ်ဇယားကို လေ့လာခြင်းမရှိလို့ပြောကြားလိုက်ပါတယ်။ အကြောင်းကတော့ စီးရီးအေရဲ့ အသင်းတိုင်းနဲ့တွေ့ဆုံရမှာဖြစ်တာကြောင့် လေ့လာစရာမလိုလို့ ပီယာလိုကပြောပါတယ်။ ဒါပေမဲ့ စီးရီးအေမှာ ရာသီစတင်ချိန်ကစပြီး ရာသီအဆုံးအထိ ခက်ခဲကြမ်းတမ်းတဲ့ရာသီကို ရင်ဆိုင်ရလိမ့် မယ်လို့ ပီယာလိုက မှတ်ချက်ချခဲ့ပါတယ်။ ဂျူဗင်တပ်မှ အီတလီလက်ရွေးစဉ် ဘာနာဒက်စ်ချီဟာ ပေါင်ဒဏ်ရာရရှိခဲ့တာကြောင့် ကလပ်ကိုပြန်လည်စေလွှတ်ခဲ့ပါတယ်။ ဘာနာဒက်စ်ချီဟာ စက်တင်ဘာ ၁၉၊ ၂၀ သတင်းပတ်မှာ ဆမ်ဒိုးရီးယားကို အိမ်ကွင်းလက်ခံကစားရမဲ့ စီးရီးအေရာသီအဖွင့်ပွဲကို လွဲချော်ဖို့သေချာသလောက်ဖြစ်နေပါတယ်။ ဂျူဗင်တပ်တို့ ယင်းတို့ရဲ့အိမ်ကွင်းကို ပြန်လည်ဖွင့်လှစ်ရန်စီစဉ်နေကြပါ တယ်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးအဲဘတ်တိုဆီရီယိုနဲ့ ကျန်းမာရေးဘက်က တာဝန်ရှိသူတွေကလည်း အတည်ပြုခဲ့ပါတယ်။ တစ်ရာသီလက်မှတ်ကိုင်ဆောင်တဲ့ ပရိသတ်များကို စမ်းသပ်မှုအစီအစဉ်အဖြစ် ပြန်ဝင်ရောက်ကြည့်ရှုခွင့်ပေးရန် စီစဉ်ဆောင်ရွက်နေကြပါတယ်။
(SO)