နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်နိုင်ငံတွင် လူသန်းချီ ရွှေ့ပြောင်းစေခဲ့ရသည့် တိုင်ဖွန်းမုန်တိုင်း တောင်ကိုရီးယားသို့ ဦးတည်

စက်တင်ဘာ ၇၊ ဆိုးလ်


ဂျပန်နိုင်ငံတောင်ပိုင်းကို ဖြတ်သန်းတိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ဟိုင်ရှန် (Haishen)မှာ တောင်ကိုရီးယားနိုင်ငံသို့ ဦးတည်လျက်ရှိသည်။ တိုင်ဖွန်းမုန်တိုင်း ဟိုင်ရှန်မှာ တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဘူဆန်မြို့သို့ ဦးတည်နေကြောင်း တောင်ကိုရီးယားနိုင်ငံ မိုးလေဝသအေဂျင်စီက ပြောသည်။ လေဆိပ် ၁၀ ခုမှ လေကြောင်းခရီးစဉ် ၃၀၀ ကျော်ကို ဖျက်သိမ်းခဲ့ပြီး ရထားပြေးဆွဲမှုအချို့ကို ဆိုင်းငံ့ခဲ့သည်။


တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဂျပန်နိုင်ငံတစ်ဝန်းရှိ နေအိမ်သိန်းချီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။ ရွှေ့ပြောင်းခိုလှုံရေးစင်တာမှ မှန်ပြတင်းပေါက်များ ကွဲထွက်ကုန်ခြင်းကြောင့် မှန်ကွဲရှသူ လေးဦးအပါအဝင် လူ ၃၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဂျပန်ရုပ်သံလိုင်း NHK က ဖော်ပြသည်။ ဂျပန်နိုင်ငံတွင် မုန်တိုင်းဖြတ်သန်းမည့် လမ်းကြောင်းပေါ်မှ နေထိုင်သူ ၈ သန်းဝန်းကျင်ကို ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့ရသည်။


ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းကလည်း လွန်ခဲ့သည့်နှစ်များအတွင်း အင်အားအပြင်းဆုံး မုန်တိုင်းတစ်လုံးဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း မေဆက် (Maysak)က ကိုရီးယားကျွန်းဆွယ်နှင့် ဂျပန်နိုင်ငံကို တိုက်ခတ်ခဲ့သည်။ တိုင်ဖွန်းမုန်တိုင်း ဟိုင်ရှန်ကြောင့် မြေပြိုကျနိုင်သည့် သတိပေးချက်ကို ကိုရီးယား သစ်တောဌာနက အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ထားသည်။ တနင်္လာနေ့နံနက် ဒေသစံတော်ချိန် ၃ နာရီအချိန်က ကျူရှုဒေသရှိ နေအိမ် ၄၃၀၀၀၀ နီးပါး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သည်။                           


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ