နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
LG က ဖန်တီးထုတ်လုပ်လိုက်သည့် လေသန့် Face Mask

စက်တင်ဘာ   ၆


တောင်ကိုရီးယားနည်းပညာကုမ္ပဏီ LG က COVID-19 ကပ်ကာလနှင့်ကိုက်ညီစေမည့် နည်းပညာအသုံး အဆောင် တစ်မျိုးကို IFA 2020 ပွဲတွင် မိတ်ဆက်ပြသသွားခဲ့သည်။ ဘာလင်တွင် ကျင်းပသည့် IFA 2020 နည်းပညာကုန်စည်ပြပွဲတွင် LG သည် ဝတ်ဆင်နိုင်သည့် လေသန့်မျက်နှာကာ ပစ္စည်းတစ်မျိုးကို မိတ်ဆက်ပြသခဲ့သည်။ ဒီအီလက်ထရွန်းနစ် Mask ကို LG PuriCare Wearable Air Purifier အမည်ပေးထား ပြီး ယင်းထဲတွင် လျှပ်စစ်ပန်ကာများဖြင့် HEPA filters လေသန့်စနစ်များ ထည့်ပေးထားသည်။

PuriCare လေသန့် mask ထဲတွင် H13 HEPA filters နှစ်ခုပါရှိပြီး ထိုလေစစ်များသည် ကုမ္ပဏီ၏ အိမ်သုံးလေသန့် ထုတ်ကုန်များတွင် အသုံးပြုသည့် filters ဖြင့် ဆင်တူသည်။ ထို Mask တွင် Dual Fans နှစ်လုံးဖြင့် အသက်ရှူအာရုံခံစနစ်ပါရှိပြီး လေသန့်စက်သည် အသက်ရှူသွင်းလိုက်သည့် လေကို သန့်စင်ပေးသွားခြင်းဖြစ်သည်။ အာရုံခံ sensors များသည် ဝတ်ဆင်သူ၏ အသက်ရှူပုံစံနှင့် ပမာဏကို သိရှိပြီး dual three-speed fans ဖြင့် ချိန်ညှိပေးသွားမည်ဖြစ်သည်။ 

အဆိုပါ Mask သည် နှာခေါင်းနှင့် မေးစေ့နေရာတို့တွင် လေစိမ့်မှုအဖြစ်နည်းအောင် ဒီဇိုင်းထုတ်ထားပြီး နာရီပေါင်းများစွာ သက်သောင့်သက်သာဝတ်ဆင်နိုင်အောင် ဖန်တီးပေးထားကြောင်း LG က ပြောထားသည်။ 

LG PuriCare Wearable Air Purifier သည် 820mAh ဘက်ထရီအသုံးပြုထားပေးပြီး low mode တွင် ၈ နာရီနှင့် high mode တွင် ၂ နာရီအထိ အသုံးပြုနိုင်သည်။ အဆိုပါ Mask တွင် အခြား feature များလည်း ပါဝင်သည့်အတွက် သုံးစွဲသူများအတွက် အဆင်ပြေစေနိုင်မည့် နည်းပညာသုံးမတ်စ်တစ်ခုဖြစ်သည်။ အဆိုပါမတ်စ်၏စျေးနှုန်းနှင့် ရောင်းချပေးမည့်ရက်ကို ကြေညာထားခြင်းမရှိသေးပေ။


(WP)






အခြားဆက်စပ်သတင်းများ