နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အားကစားလှုပ်ရှားမှု ၁၀၀ ကျော် Tracking လုပ်နိုင်သည့်စနစ် ပါဝင်သော Honor GS Pro စမတ်နာရီ

စက်တင်ဘာ   ၆


Honor က စမတ်နာရီသစ် Honor GS Pro ကို ကြေညာလာသည်။ GS Pro က Honor ၏ ပထမဆုံး အကြမ်းခံ စမတ်နာရီဖြစ်သည်။

Honor GS Pro က စက်ဝိုင်းဒီဇိုင်း စမတ်နာရီဖြစ်ပြီး ၁ ဒသမ ၃၉ လက်မ AMOLED 454 x 454px Resolution ရုပ်ထွက်သုံးထားသည်။ 14 MIL-STD-810G ထောက်ခံချက်ရရှိထားကာ အပူဒဏ်၊ မတော်တဆ ပြုတ်ကျမှုဒဏ်နှင့် ရေစိမ်ခံနိုင်သည်။

အဆိုပါ စမတ်နာရီမှာ အားကစားလှုပ်ရှားမှုပေါင်း ၁၀၀ ကျော်ကို Tracking လုပ်နိုင်သည့်စနစ် ပါဝင်ကာ နှလုံးခုန်နှုန်းတိုင်းစနစ်လည်း ပါဝင်သည်။ သွေးထဲအောက်ဆီဂျင်ရှိမှု တိုင်းတာဆင်ဆာနှင့် Sleep Tracking စနစ်လည်း ပါဝင်သည်။ Kirin A1 Chipset နှင့် အထိုင်ချထားပြီး Low Power Mode သုံးမည်ဆိုပါက ၂၅ ရက် အထိ အသုံးခံသလို GPS ဖွင့်သုံးမည်ဆိုပါက ၄၈ နာရီအထိ သုံးနိုင်မည်ဖြစ်သည်။

Honor က တောင်တက်သူများ၊ ရေခဲပြင်လျှောစီးသူများ၊ ရေကူးသူများအတွက် အထူးဖန်တီးထားခြင်း ဖြစ်ပြီး မိုးလေဝသအခြေအနေဆိုးအတွက် အထူးသတိပေးစနစ်နှင့် ဒီရေအခြေအနေ သတိပေးစနစ် ပါဝင်သည်။

Honor Watch GS Pro ကို Camo Blue ၊ Charcoal Black နှင့် Marl White အရောင်တို့ဖြင့် ရွေးချယ် နိုင်ပြီး ဈေးနှုန်းအနေဖြင့် ယူရို ၂၅၀ သတ်မှတ်ထားသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ