ရန်ကုန် စက်တင်ဘာ ၆
ကမ္ဘာ့လူဦးရေသည် လာမည့် ၂၀၅၀ ခုနှစ်တွင် ကိုးဘီလျံအထိ တိုးပွားလာနိုင်သည်ဟု ကမ္ဘာ့ပညာရှင်တို့က ခန့်မှန်းထားကြသည်။ ယနေ့ ကမ္ဘာကြီးတွင် ခုနစ်ဘီလျံကျော်အထိ ရောက်ရှိနေပြီဖြစ်သည်။ ကမ္ဘာ့လူသား အားလုံး၏ နေ့စဉ်လိုအပ်နေသည့် စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံအသီးသီးရှိ အစိုးရများက ကြိုးပမ်းဆောင်ရွက်နေကြသည်။ လူတိုင်းသက်တမ်းစေ့နေနိုင်ရေးအတွက် အာဟာရပြည့်ဝသော စားနပ်ရိက္ခာ များ ထုတ်လုပ်ရရှိရန်လည်း လိုအပ်သည်။
ကမ္ဘာ့ပြည်သူများအတွက် အစားအစာ ဖူလုံမှုနှင့် အာဟာရပြည့်ဝမှုအပေါ်စိန်ခေါ်မှုအဖြစ် စားနပ်ရိက္ခာ ဖြည့်တင်းနိုင်မှုစနစ် တည်တံ့ခိုင်မာရေးသည် အဓိကကျသည်။ စားနပ်ရိက္ခာစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက် လာခြင်းမှသည် ငတ်မွတ်သူပပျောက်ရေး အစီအစဉ်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် သား၊ ငါးကဏ္ဍသည် ထိန်းချုပ်နိုင်စွမ်းမရှိသည့် သဘာဝသယံဇာတနှင့် ရာသီဥတုအပေါ် မှီခိုရသဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရာတွင် အခက်အခဲများ ရှိနေသည်။
သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရာတွင် စားနပ်ရိက္ခာဖူလုံမှုကို များစွာ အထောက်အကူပြုမည့် အစိမ်းရောင်စီးပွားရေးစနစ်သည် အထောက်အကူဖြစ်စေမည်ဖြစ်သည်။ မြန်မာနိုင်ငံ တွင် လက်ရှိအနေဖြင့် စားနပ်ရိက္ခာဖူလုံပိုလျှံမှုရှိသော်လည်း နောင်တိုးပွားလာမည့် လူဦးရေအတွက် ရေရှည် မျှော်မှန်းပြီး ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာတစ်ဝန်းထုတ်လုပ်သည့် စားနပ် ရိက္ခာအားလုံး၏ သုံးပုံတစ်ပုံသည် အလဟဿ အလေအလွင့်ဖြစ်ခဲ့ရကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထုတ်လုပ် ချိန်၌ ပျက်စီးဆုံးရှုံးရခြင်းဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စားနပ်ရိက္ခာအသုံးပြုစားသုံးချိန်တွင် အလဟဿဖြစ်ရ ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာစိုက်ပျိုးရေးအဖွဲ့ကြီးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူသားများအတွက် အမှန်တကယ်လိုအပ်ချက်ဖြစ်သော အာဟာရပြည့်ဝစွာဖြင့် လူ့သက်တမ်းစေ့ သက်ရှည်ကျန်းမာစွော စားသောက်နေနိုင်ရေးလိုအပ်ချက်များအပေါ် လေးလေးနက်နက် ပူးပေါင်းဆောင်ရွက် ပေးခြင်းဖြင့် လူ့ဘောင်ဘဝကြီး ပိုမိုထွန်းတောက်သာယာလှပအောင် အစွမ်းကုန် အားထုတ်ကြိုးပမ်း စေချင်သည်။ မြန်မာနိုင်ငံတွင် ပြည်သူများ၏ လူမှုဘဝကို မြှင့်တင်ရင်း စိုက်ပျိုးရေး၊ မွေးမြူရေး အရှိန်အဟုန်ဖြင့် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် လူ့ဘောင်ဘဝတိုးတက်မြင့်မားစေချင်ကြောင်း ။ ။