နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တန်ဖိုးနည်း တက်ဘလက်သစ်နှစ်မျိုးကို TCL က မိတ်ဆက်

စက်တင်ဘာ   ၅


ဘာလင် IFA 2020 နည်းပညာပြပွဲတွင် TCL သည် NXTVISION display နည်းပညာသုံး တန်ဖိုးသင့် တက်ဘလက် နှစ်မျိုးကို မိတ်ဆက်လိုက်သည်။ တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် TCL သည် ယခုနှစ်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် TCL 10 စီးရီး ကိုယ်ပိုင်စမတ်ဖုန်း ၃ မျိုးကို ကြေညာခဲ့သည်။ ယခုအခါ TCL သည် TCL 10 TABMAX နှင့် TABMID တက်ဘလက်နှစ်မျိုးကို မိတ်ဆက်လိုက်သည်။ TCL 10 TABMAX သည် ပိုပြီးပရီမီယံကျသည့်ဖုန်းဖြစ်ပြီး ဘေးပေါင်ပါးပါး ၁၀ ဒသမ ၃၆ လက်မ FHD+ LCD display အသုံးပြုထားသည်။

ထိုတက်ဘလက်တွင် 8MP selfie ကင်မရာ ၊ dual speakers များဖြင့် TCL Stylus တို့ ထည့်သွင်းထားပြီး  ကျောဘက်တွင် LED Flash နှင့်အတူ 13MP primary lens တစ်ခုပါရှိသည်။ MediaTek MT8768T chipset ၊ RAM 4GB/64GB storage အသုံးပြုထားသည့် TCL 10 TABMAX သည် အကြီးစား 8000mAh ဘက်ထရီဖြင့်ထွက်ရှိလာပြီး USB Type C port မှ အားသွင်းနိုင်သည်။

Android 10 ကို အခြေခံထားသည့် TCL UI ဖြင့် ထွက်ရှိလာပြီး 4G နှင့် WiFi ဗားရှင်းနှစ်မျိုးအသုံးပြုနိုင် သည့် ယင်းတက်ဘလက်ကို ဈေးနှုန်းအနေဖြင့် ဗားရှင်းပေါ်မူတည်ပြီး ယူရို ၂၅၀ (မြန်မာငွေ ၄ သိန်းခန့်) နှင့် ယူရို ၃၀၀ (မြန်မာငွေ ၄ သိန်း ၇ သောင်းခန့်) ဈေးများဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

TCL 10 TABMID က ၈ လက်မ FHD LCD display ဖြင့်ထွက်ရှိလာပြီး ရှေ့ဘက်တွင် 5MP ကင်မရာ ၊ ကျောဘက်တွင် 8MP ကင်မရာများပါရှိပြီး ပလတ်စတစ်ကိုယ်ထည် အသုံးပြုထားသည်။ Snapdragon 665 SoC ၊ RAM 4GB ပါရှိပြီး 5550 mAh ဘက်ထရီဖြင့်ထွက်ရှိထားသည်။ ဈေးနှုန်းအနေဖြင့် ဒေါ်လာ ၂၇၀ (မြန်မာငွေ ၃ သိန်း ၆ သောင်းခန့်) ဈေးမှ ရောင်းချသွားမည်ဖြစ်သည်။                                   


(WP)






အခြားဆက်စပ်သတင်းများ