နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်နိုင်ငံရှိ သန့်စင်ပြီး ယူရေနီယမ်သတ္တုပမာဏမှာ သဘောတူညီချက်ထက် ၁၀ ဆ ပိုများနေ

စက်တင်ဘာ ၅၊ တီဟီရန်


အီရန်နိုင်ငံတွင် ပိုင်ဆိုင်နေသည့် သန့်စင်ပြီး ယူရေနီယမ်သတ္တု ပမာဏမှာ နိုင်ငံတကာ သဘောတူညီချက်အရ ခွင့်ပြုထားသည့် ပမာဏထက် ၁၀ ဆ ပိုများသည်ဟု ကုလသမဂ္ဂ၏ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။ အီရန်နိုင်ငံတွင် သန့်စင်ပြီး ယူရေနီယမ်သတ္တုပမာဏ ၂၁၀၅ ကီလိုဂရမ် ( ၄၆၄၀ ပေါင်) ရှိနေသည်ဟု နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက ပြောသည်။ သို့သော် ယင်းတို့၏ နျူကလီးယားစီမံကိန်းမှာ ငြိမ်းချမ်းသည့်ကိစ္စရပ်များတွင် အသုံးပြုရန်အတွက်သာ ဖြစ်သည်ဟု အီရန်နိုင်ငံက ဆိုသည်။ 

နျူကလီးယားစီမံကိန်း ဆောင်ရွက်ခဲ့သည်ဟု ယူဆရသည့် နေရာ ၂ ခုအနက် နေရာတစ်ခုသို့  နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ၏ ကြည့်ရှုစစ်ဆေးသူများကို ဝင်ရောက်စစ်ဆေးခွင့်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုလနှောင်းပိုင်းတွင် နောက်တစ်နေရာ၌ နမူနာများ ရယူစစ်ဆေးသွားမည်ဟု  နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီက ပြောသည်။ 

အမေရိကန်နိုင်ငံက ယင်းတို့နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်တွင် အီရန်နိုင်ငံက ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားဖျက်သိမ်းရေးစာချုပ်ပါ ကတိပြုချက် များကို လူသိရှင်ကြား ဖြေလျှော့ခဲ့သည်။ အီရန်နိုင်ငံက စာချုပ်ပါ ခွင့်ပြုချက်ထက် ပိုများသည့် ယူရေနီယံသတ္တုသန့်စင်မှုများ ပြုလုပ်နေသော်လည်း သန့်စင်မှုပမာဏမှာ နျူကလီးယားလက်နက်များတွင် အသုံးပြုရန် လိုအပ်သည့် ယူရေနီယမ်သတ္တု သန့်စင်မှုပမာဏထက် အလွန်နည်းပါးသည်ဟု ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ