နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အယ်လ်ဆာဗေးဒိုးအစိုးရက ထောင်ကျနေသည့် ဒုစရိုက်ဂိုဏ်းခေါင်းဆောင်များကို မျက်နှာသာပေး ဆက်ဆံနေဟု ဆို

စက်တင်ဘာ ၅၊ ဆန်ဆာဗေးဒိုး


ရွေးကောက်ပွဲများတွင် ထောက်ခံအားပေးမှု ရရှိစေရန်အတွက် အယ်လ်ဆာဗေးဒိုးအစိုးရက ထောင်ဒဏ်ကျခံနေရသည့် ဒုစရိုက်ဂိုဏ်းခေါင်းဆောင်များကို မျက်နှာသာပေး ဆက်ဆံနေသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဆူပူအကြမ်းဖက်မှုများ လျှော့ချပြီး သမ္မတ ဘူကီလီအပေါ် ထောက်ခံကြရန် ဒုစရိုက်ဂိုဏ်းခေါင်းဆောင်များကို တောင်းဆိုခဲ့ကြပြီး အတုံ့အလှည့်အနေဖြင့် ယင်းတို့ကို ထောင်ထဲတွင် အစားအစာ ကောင်းကောင်းကျွေးခြင်း၊ ပြိုင်ဘက်ဂိုဏ်းသားများကို အကျဉ်းခန်းအတူတူ နေရာချသည့် ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြောင်းလဲပေးခြင်း စသည့် မျက်နှာသာပေးမှုများ လုပ်နေသည်ဟု အယ်ဖာရိုအွန်လိုင်းသတင်းစာက ဖော်ပြသည်။ သို့သော် သမ္မတ ဘူကီလီ၏ စွပ်စွဲချက်များကို ပယ်ချခဲ့သည်။ 

၂၀၁၉ ခုနှစ် ဇွန်လတွင် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ဘူကီလီမှာ အယ်လ်ဆာဗေးဒိုးနိုင်ငံ၏ ဒုစရိုက်ဂိုဏ်းများကို ပြတ်ပြတ်သားသား ကိုင်တွယ်သည့် အစိုးရတစ်ရပ်အနေဖြင့် ပုံဖော်ခံရသည်။ သို့သော် သမ္မတဘူကီလီ၏အစိုးရမှာ MS-13 ဟု လူသိများသည့် Mara Salvatrucha ဂိုဏ်းအပါအဝင် ဒုစရိုက်ဂိုဏ်းခေါင်းဆောင်များနှင့် လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အယ်ဖာရိုသတင်းစာက ဖော်ပြသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ