နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
iPhone တို့တွင် COVID App ထည့်သွင်းရန်မလိုဘဲ ထိတွေ့မှုခြေရာခံနိုင်မယ့် နည်းပညာ ထည့်သွင်း

စက်တင်ဘာ   ၄


Apple က iPhone များတွင် COVID-19 app မလိုဘဲ ရောဂါရှိသူဖြင့် ထိတွေ့မှုခြေရာခံနိုင်မည့် နည်းပညာ ထည့်သွင်းပေးထားသည်။ iOS 13.7 update တွင် ထိတွေ့မှုအသိပေးစနစ် Exposure Notifications Express (ENE) ခေါ်သည့် အစီအစဉ်တစ်ခု ထည့်သွင်းလာသည်။ iOS update သစ်သည် contact-tracing app ဒေါင်းလုပ်ဆွဲရန်မလိုဘဲ COVID-19 ထိတွေ့မှုအသိပေးစနစ်ကို သိနိုင်ကြောင်း 9to5Mac သတင်းက ပြောထားသည်။

Apple နှင့် Google တို့သည် COVID-19 ထိတွေ့မှုအသိပေး API စနစ်အတွက် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နေကြောင်း ကြေညာထားသည်။ ကုမ္ပဏီနှစ်ခုသည် နည်းပညာကို အပိုင်းနှစ်ပိုင်းဖြင့် ဖော်ဆောင်လာ သည်။ ပထမအပိုင်းတွင် iOS 13.5 နှင့်အတူ သုံးစွဲသူများသည် Exposure Notifications ထဲရောက်ရန် အများပြည်သူကျန်းမာရေးအဖွဲ့အစည်းများဆီက app တစ်ခုကို ဦးစွာဒေါင်းလုပ်ဆွဲထားရမည်။ နည်းပညာ ဖော်ဆောင်မှု ဒုတိယအသုတ်တွင် iOS 13.7 နှင့်အတူ COVID-19 app ထည့်သွင်းထားရန်မလိုဘဲ ရောဂါ ကူးစက်ထိတွေ့မှု အသိပေးသွားမည်ဖြစ်သည်။ iOS 13.7 update သစ်တွင် Bluetooth ဖြင့်ချိတ်ဆက်ထား သည့် အခြားဖုန်းများ၏ ၁၄ ရက်စာ log ကို ယူထားပြီး ထိုသူများထဲက တစ်ယောက်ယောက် ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပြီးနောက် အသိပေးသွားခြင်းမျိုးဖြစ်သည်။

ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များသိရှိရန် တရားဝင် COVID-19 app ကို ဒေါင်းလုပ်ဆွဲရန်လိုအပ် သည်။ Apple နှင့် Google တို့က သုံးစွဲသူများ၏ ကျန်းမာရေးအချက်အလက်များ စုဆောင်းထိန်းသိမ်းသွားမည်မဟုတ်ဘဲ အစိုးရကျန်းမာရေးဌာနများဆီက COVID-19 ကူးစက်ခံရသူများ၏ အချက်အလက်များကို ရယူသွားမည်ဖြစ်သည်။ Apple နှင့် Google တို့၏ Contact-tracing မူဘောင်အခြေပြု apps များကို နိုင်ငံနှင့် နယ်မြေပေါင်း ၂၀ ကျော်တွင် ဖြန့်ချိထားပြီး ထိုထဲတွင် အိုင်ယာလန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဂျပန်၊ ဆော်ဒီအာရေဗျတို့လည်း ပါဝင်နေသည်။ Apple ကဲ့သို့ Google ကလည်း အန်းဒရိုက်ဖုန်း updates ထဲတွင် ကိုရိုနာဗိုင်းရပ်စ် ထိတွေ့မှုခြေရာခံစနစ်ကို ဖြန့်ချိသွားရန် စီစဉ်နေသည်။ 


(WP)






အခြားဆက်စပ်သတင်းများ