နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Umidigi A7S စမတ်ဖုန်းတွင် ကိုယ်အပူချိန်တိုင်းတာနိုင်မည့်စနစ် ထည့်သွင်း

စက်တင်ဘာ   ၃

လူသိနည်းသည့် တရုတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့် Umidigi သည် လူချင်းထိတွေ့ရန်မလိုဘဲ အပူချိန်တိုင်းနိုင်မည့် Entry-level စမတ်ဖုန်းကို မိတ်ဆက်ပြသခဲ့သည်။

Umidigi A7S သည် အနီအောက်ရောင်ခြည်သုံး contactless သာမိုမီတာစနစ်ဖြင့် ထွက်ရှိလာသည်။ COVID-19 ကပ်ရောဂါကြီး ဖြစ်နေချိန်တွင် သာမိုမီတာပါဝင်သည့် ဖုန်းတစ်လုံးသည် အသုံးဝင်စေသည့် ဖုန်းတစ်လုံးဖြစ်စေနိုင်သည်။ AI Thermometer စနစ်ဖြင့် ထွက်ရှိလာသည့်အတွက်ကြောင့် ကမ္ဘာ့ပထမဆုံး ဖုန်းသည် မြန်မာငွေ သောင်းဂဏန်းမျှသာ  ကျသင့်မည်ဖြစ်သည့်အတွက်ကြောင့် ဝယ်ယူသူများအတွက် အဆင်ပြေစေနိုင်မည့်အချက်လည်းဖြစ်သည်။ 

အပူချိန်တိုင်းသည့် အာရုံခံစနစ်သည် ကျောဘက်ကင်မရာစနစ်ထဲတွင် ထည့်သွင်းထားပြီး ဖုန်းဘယ်ဘက် ဘေးဘောင် တွင် ထည့်ထားသည့် shortcut key ကို နှိပ်ပြီးကိုယ်အပူချိန်ကို တိုင်းနိုင်မည်ဖြစ်သည်။ Umidigi A7S သည် မျက်နှာပြင် ၆ ဒသမ ၅၃ လက်မ HD+ display ဖြင့် ထွက်ရှိထားပြီး waterdrop notch စနစ် ပါဝင်သည်။ 20:9 aspect ratio ခပ်ရှည်ရှည် ဖုန်းကိုယ်ထည်ကြောင့် ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်းများအတွက် ပိုမိုအဆင်ပြေစေနိုင်သည်။

အခြား feature များစွာလည်း ပါဝင်သည့်အတွက်ကြောင့် သုံးစွဲသူကို ကျေနပ်မှုပေးစွမ်းနိုင်မည့် စမတ်ဖုန်းတစ်လုံးဖြစ်သည်။ အဆိုပါ စမတ်ဖုန်းကို အရောင် ၃ ရောင်ဖြင့် ထွက်ရှိထားပြီး  စက်တင်ဘာ ၂၁ ရက်မှစတင်ပြီး ဒေါ်လာ ၇၀ (မြန်မာငွေ ၉ သောင်း ၂ ထောင်ခန့်) ဈေးနှုန်းဖြင့် Pre-order မှာယူ နိုင်ပြီဖြစ်သည်။                  

(WP)






အခြားဆက်စပ်သတင်းများ