နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
OLED screen ဖြင့် ထွက်ရှိလာသည့် Lenovo Tab P11 Pro

စက်တင်ဘာ ၂


Lenovo သည် ကင်မရာ ၄ လုံးပါ တန်ဖိုးသင့် high-end တက်ဘလက်သစ်တစ်မျိုးကို ဈေးကွက်တွင်မိတ်ဆက်လိုက် သည်။ Lenovo Tab P11 Pro ၏ highlight တစ်ခုက ၁၁.၅ လက်မ OLED display သုံးထားပြီး 2560 x 1600p ပါရှိပြီး အမြင့်ဆုံး Auto Brightness အနေဖြင့် 500 nits အထိ ပေးထားသည်။ ၆.၉ မီလီမီတာ bezel ဖြင့်ထွက်ရှိလာပြီး မှန်ပြင်-ကိုယ်ထည်အချိုး ၈၇ ရာခိုင်နှုန်းပါရှိသည်။

အရုပ်/အသံ Audio-Visual ခံစားမှုကို အမြင့်ဆုံးဖြစ်စေရန် HDR10 နှင့် Dolby Vision support ပေးထားသည်။ Lenovo Tab P11 Pro သည် ရှေ့ခြမ်းတွင် JBL စပီကာ ၄ လုံး တပ်ဆင်ထားပြီး ရုပ်ရှင်ရုံများတွင် အသုံးပြုသည့် ပတ်ပတ်လည်အသံစနစ်အတွက် Dolby Atmos စနစ် ထည့်သွင်းပေးထားသည်။ ဘေးဘောင်ပါဝါခလုတ်ထဲတွင် လက်ဗွေလုံခြုံရေးစနစ် ထည့်ထားသကဲ့သို့ ရှေ့ဘက် dual front ကင်မရာများမှလည်း Face Unlcok စနစ် အသုံးပြုနိုင်သည်။ ရှေ့ဘက် ဆယ်လ်ဖီကင်မရာ 8MP sensor နှစ်လုံးသည် ဖုန်းဘေးဘောင်တွင် အသုံးပြုထားပြီး Landscape mode အသုံးပြုကာ Video Call ခေါ်ဆိုနိုင်သည်။  

Lenovo Tab P11 Pro သည် 8600 mAh အကြီးစားဘက်ထရီအသုံးပြုထားပေးပြီး ၁၅ နာရီအထိ အသုံးခံနိုင်သည်။ ထိုတက်ဘလက်သည် Google Pixel 4a ကဲ့သို့ Snapdragon 730G chipset အသုံးပြုထားပြီး RAM 4GB ၊ 6GB နှစ်မျိုးဖြင့် ထွက်ရှိလာသည်။ storage အနေဖြင့် 128GB ပါရှိပြီး microSD card slot မှ storage ထပ်မြှင့်နိုင်မည်ဖြစ် သည်။

Lenovo သည် touch pad နှင့် keyboard add-on ချိတ်ဆက်နိုင်အောင် ပြုလုပ်ထားပြီး kick stand တစ်ခုလည်း ပေးထားသည်။ ယင်းတက်ဘလက်တွင် စိတ်ဝင်စားဖွယ်ကောင်းသည့် feature များစွာပါဝင်သည်။ Android 10 ဖြင့် ထွက်ရှိလာသည့် Lenovo Tab P11 Pro ကို လာမည့် နိုဝင်ဘာလထဲတွင် ဥရောပ ၊ အာရှနှင့် အရှေ့အလယ်ပိုင်း ဈေးကွက်တို့တွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်ဈေးကွက်တွင် keyboard pack ၊ folio case ၊ smart charging station နှင့် stylus မပါ ဒေါ်လာ ၅၀၀ (မြန်မာငွေ ၆ သိန်းခွဲကျော်) ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။                                  

 (WP)






အခြားဆက်စပ်သတင်းများ