နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Huawei က ထုတ်လုပ်လိုက်သည့် Huawei Watch Fit

စက်တင်ဘာ ၂


Huawei ၏ ပထမဆုံး ထောင့်မှန်စတုဂံနာရီအိုးဖြင့် ထွက်ရှိလာသည့်စမတ်နာရီကို UAE  တွင် စတင် ရောင်းချသွား မည်ဖြစ်ကြောင်း  Huawei က ပြောထားသည်။ 

နှလုံးခုန်နှုန်း စောင့်ကြည့်စနစ်ပါဝင်သည့် Huawei Watch Fit သည် အခြား Huawei ထုတ် sporty watch များကဲ့သို့ သက်တမ်းကြာကြာ အသုံးခံနိုင်မည့် ဘက်ထရီပါဝင်သည်။ မတူညီသည့်အချက်က Watch GT 2 တို့ကဲ့သို့ Circular ဒိုင်ခွက်မျိုးမဟုတ်ဘဲ ထောင့်မှန်စတုဂံပုံစံ Rectangular display အသုံးပြုထားသည်။ 

Huawei Watch Fit သည် ၁.၆၄ လက်မ AMOLED display ဖြင့်ထွက်ရှိလာပြီး 280 x 456 pixels ရုပ်ထွက်ပါရှိသည်။ Internal storage 4GB ပါရှိပြီး SMS မက်ဆေ့ပေးပို့ခြင်း ၊ အဝင်ဖုန်းခေါ်ဆိုမှု ဖြေဆိုခြင်းနှင့် social media app များဆီက noti များကြည့်နိုင်မည်ဖြစ်သည်။ 

နာရီဘေးဘောင်များကို အနည်းငယ်ကွေးညွှတ်ထားပြီး လက်ပတ်ကို အကြမ်းခံ ပိုလီမာဖိုက်ဘာဖြင့်ထုတ်ပေး ထားသည်။ ဘေးတွင်ခလုတ်တစ်လုံးတည်းပါရှိသေးသည်။ Always-On watch face ၆ မျိုး ထည့်ပေးထားပြီး နောက်ထပ်လည်း Watch Face သစ်များကို Watch Face Store ပေါ်မှဒေါင်းလုပ်ဆွဲနိုင်မည်ဖြစ်သည်။ 

အခြားအသုံးပြုနိုင်မည့် feature များစွာလည်း ယင်းစမတ်နာရီတွင် ပါရှိသည်။ Huawei Watch Fit ကို Graphite Black ၊ Sakura Pink နှင့် Mint Green အေရာင် ၃ ရောင်ဖြင့်ထွက်ရှိလာပြီး ယူအေအီးမှ Huawei ဝက်ဘ်ဆိုက်ပေါ်တွင် တင်ထားသည်။ စက်တင်ဘာ ၃ ရက်တွင် အဆိုပါ စမတ်နာရီ‌ဈေးနှုန်းကို ‌ကြေညာပေးသွားမည်ဖြစ်ကြောင်း Huawei က ပြောထားသည်။                                                                                                                       


(WP)






အခြားဆက်စပ်သတင်းများ