နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယုန်လေး လှူဒါန်းလိုက်သည့် ထီလက်မှတ်များထဲမှ ထီဆုများပေါက်

ရန်ကုန် စက်တင်ဘာ ၂


အဆိုတော် ယုန်လေးက လှူဒါန်းခဲ့သည့် ထီလက်မှတ်လေးများမှတဆင့် ထီဆုများပေါက်ခဲ့ကြသူများအတွက် ဝမ်းသာပီတိဖြစ်နေသည်။ အဆိုပါထီလက်မှတ်များကို သြဂုတ်လ ၂၉ ရက်က လမ်းဘေးဈေးရောင်းနေသူများ၊ စားဝတ်နေရေးအဆင်မပြေကြသူများကို လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။ " ဆုကြီး မပါပေမယ့် ပီတိဖြစ်ပါတယ်။ အစောကြီးထဲကလည်း ဆုကြီးတွေ မမှန်းထားပါဘူး။ လိုက်လှူတဲ့အထဲက အခု ၅ သောင်းဆု (၁၅)ဆုကျော်ပါနေပါပြီ။ ၁သိန်းဆု တစ်ဆု ပါနေပါပြီ။  ၃ စောင်တွဲလုံးမှာ ၃ စောင်လုံးပေါက်တာ ၃ ယောက်ရှိပြီ။ နောက် အစောင် ၇၀၀ ကျော်ကျန်သေးလို့ ထပ်တိုက်နေပါတယ်။ ပေါက်တဲ့ နံပါတ်တွေ အားလုံးတိုက်ပြီးရင် တင်ပေးပါမယ်။ ဘာပဲ ဖြစ်ဖြစ် ထီ လက်မှတ်လိုက် ဝေထားတာ တကယ်လိုအပ်တဲ့ သူတွေကြီးပဲ ဖြစ်လို့ ၅ သောင်း ၊ ၁ သိန်းလည်း သူတို့ ပျော်ကြမှာပါ။ ထပ်ပြီး တော့ ၅သိန်း ၁၀ သိန်း လောက်လေး တစ်ယောက် ထပ်ပါရင်ပိုကောင်းမယ်ဗျာ။ ကျန်တဲ့ အစောင် ၇၀၀ ကျော်ကို ရင်ခုန်စွာစောင့်ဆိုင်းရင်း အားလုံး Peace" ဟု ဆိုကာ စက်တင်ဘာလ ၁ ရက် နေ့လယ် ၁ နာရီကျော်က ယုန်လေး၏ ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် တင်ထားခဲ့သည်။ 

ယုန်လေးက လှူဒါန်းခဲ့သည့် ထီလက်မှတ်များမှ ထီဆုများပေါက်စေရန်အတွက် သြဂုတ် ၂၆ ရက်က စွယ်တော် စေတီက ညောင်ပင်ကြီးတွင် အဓိဌာန်ဝင်ခဲ့သည်။ ယခုလက်ရှိချိန်တွင် ရိုက်ကူးရေးပြုလုပ်ရန် (၁) နှစ်ပိတ်ပင်ခံထားရ သော်လည်း ပရဟိတအလုပ်များကို ပြန်လည်လုပ်ကိုင်နိုင်ရန် လုပ်ခွင့်ရသလောက် အနုပညာအလုပ်များ ပြန်လုပ် နေသည်ကို တွေ့ရသည်။ ယင်းရရှိသည့် အနုပညာကြေးများဖြင့် ပရဟိတအလုပ်များ လုပ်ကိုင်လျက်ရှိသည်။ ယုန်လေးသည် Covid-19 ကာလအတွင်း COVID-19 ကာကွယ်ရေး ဆေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ လိုအပ်နေ သည့် ဆေးရုံ၊ ရပ်ကွက်နှင့် မြို့နယ်များကို သွားရောက်လှူဒါန်းခဲ့သေးသည်။ 


(HWY)






အခြားဆက်စပ်သတင်းများ