နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Air KBZ နှင့် MAI တို့မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြဌာန်းထားသည့် လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၂


လက်ရှိဖြစ်ပွားနေသော COVID-19 အခြေအနေများကြောင့် Air KBZ နှင့် MAI တို့မှ ခရီးသွားဧည့်သည်များနှင့် ဝန်ထမ်းများ၏ ဘေးအန္တရာယ် ကင်းရှင်းရေး၊ စိတ်အေးချမ်းသာမှုရရှိနိုင်စေရေးတို့အား အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။ 

ထို့အတွက်ကြောင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ပြဌာန်းထားသော လမ်းညွှန်ချက်များကို အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိပြီး လက်မှတ်အရောင်းကောင်တာများအပါအဝင် လေဆိပ် check-in ကောင်တာများ၊ ရုံးပရဝုဏ်နှင့်အဆောက်အဦးများအတွင်းပိုးသတ် ဆေးဖျန်းခြင်းလုပ်ငန်းစဉ်များကို အစဉ်တစိုက်လုပ်ဆောင်ခြင်းဖြင့် COVID-19 တိုက်ဖျက်ကာကွယ်ရေးဆိုင်ရာလိုက်နာရမည့် အချက်များကို အလေးထားဆောင်ရွက်ခြင်းဖြင့် ကူးစက် ရောဂါကို ကြိုတင်ကာကွယ်ဆောင်ရွက်လျက်ရှိကြသည်။

ထိုသို့ကာကွယ်ခြင်းဖြင့် ခရီးသွားမိဘပြည်သူများ ကူးစက်ရောဂါအန္တရာယ်ကင်းရှင်းစွာဖြင့် လုပ်ငန်းဆိုင်ရာများစွာကို စိတ်အေးချမ်းသာစွာ သွားလာလုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။                                                        


(WP)






အခြားဆက်စပ်သတင်းများ