ရန်ကုန် စက်တင်ဘာ ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးနှိုးဆော်မှုများကို အများပြည်သူများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာစေရန်အတွက် တိုင်းဒေသကြီးအတွင်း လှည့်လည်ကာ အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ ၂ ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း၌ ဆောင်ရွက်ခဲ့ကြစဉ်။
ဇင်မင်းထိုက်(ပြန်/ဆက်)