မန္တလေး စက်တင်ဘာ ၂
COVID-19 ရောဂါသည် ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိရမှုများပြားလာသဖြင့် ရောဂါကူးစက်ပျံနှံ့မှုကာကွယ်ထိန်းချုပ်ရေးအတွက် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက် ၈၃ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြားရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် စက်တင်ဘာ ၂ ရက်၊ နံနက် ၈ နာရီမှ ၉ နာရီအထိ လမ်းသွားလမ်းလာပြည်သူများကို အသိပညာပေးဆောင်ရွက်စဉ်။
မောင်ပြည်သူ(မန္တလေး)