နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီတာမင်ဒီကြွယ်ဝသူများ ကြွက်သားများ သန်မာအားကောင်းစေနိုင်

စက်တင်ဘာ  ၂ 


သွေးထဲတွင် သက်ဝင်လှုပ်ရှားနေသော ဗီတာမင်ဒီပမာဏမြင့်မားစွာရှိနေခြင်းကြောင့် ကြွက်သားများ သန်မာမှုကို ပိုမိုအားကောင်းစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ဗြိတိန်သုတေသီများက အသက် ၂၀ မှ ၇၄ နှစ်အရွယ်အထိ ကျန်းမာသန်စွမ်းသော အရွယ်ရောက်ပြီးသူ ၁၁၆ ဦး၏ ခန္ဓာကိုယ် ကြွက်သားထု၊ အဆီပမာဏနှင့် သက်ဝင်လှုပ်ရှားမှုမရှိသော ဗီတာမင်ဒီနှင့် သက်ဝင် လှုပ်ရှားနေသော ဗီတာမင်ဒီပမာဏတို့ကို လေ့လာခဲ့သည်။ သွေးထဲတွင် သက်ဝင်လှုပ်ရှားနေသော ဗီတာမင်ဒီပမာဏ မြင့်မားစွာရှိသူများသည် ကြွက်သားထုများပိုများနေလေ့ရှိကြောင်း သုတေသီများ လေ့လာ တွေ့ရှိခဲ့သည်။

ခန္ဓာကိုယ်၏ အဆီများနှင့် သက်ဝင်လှုပ်ရှားမှုမရှိသော ဗီတာမင်ဒီပမာဏ ပိုများခြင်းကြား ဆက်စပ်မှု ရှိသော်လည်း သက်ဝင်လှုပ်ရှားနေသော ဗီတာမင်ဒီ ပမာဏမြင့်မားခြင်းကြောင့် အဆီမရှိသော ခန္ဓာကိုယ် ထုထည်ပိုများကြောင်း ဘာမင်ဂန်တက္ကသိုလ်မှ သုတေသီတစ်ဦးက ပြောကြားသည်။

ယင်းဆက်စပ်မှုတစ်ခုလုံးကို အပြည့်အဝနားလည်သဘောပေါက်ပါက ကြွက်သားများသန်မာမှု အားကောင်းလာစေရေး ဗီတာမင်ဒီဖြည့်စွက်ဆေးများ တိုက်ကျွေးရမည့်နည်းလမ်းကို မိမိတို့သိရှိနားလည် လာနိုင်သည်ဟု ယင်းကပြောကြားသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ