ရန်ကုန် စက်တင်ဘာ ၂
COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် နိုင်ရန်နှင့် ပြည်သူများ တိကျစွာလိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အသိပညာပေးကြေညာချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီး ရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ဦးဝိစာရရပ်ကွက်၊ ပြည်အရှေ့ရပ်ကွက်နှင့် ပြည်အနောက်ရပ်ကွက်တို့၌ သက်ဆိုင်ရာရပ်ကွက်တာဝန်ခံများက အသံချဲ့စက်ဖြင့် စက်တင်ဘာ ၁ ရက်၊ ည ၉ နာရီက နှိုးဆော်ပေးနေစဉ်။
ဇာဖြူဝင်း(ပြန်/ဆက်)