နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံတွင် သတင်းလွတ်လပ်ခွင့် ပိုပေးပါက COVID-19 ကပ်ရောဂါကို တားဆီးနိုင်လိမ့်မည်ဟု ဆို

ဧပြီ ၂၂၊ လန်ဒန် တရုတ်နိုင်ငံတွင် ဂျာနယ်လစ်များကို သတင်းလွတ်လပ်ခွင့် ပိုမိုပေးအပ်ပါက COVID-19 ကပ်ရောဂါကို ရှောင်လွှဲခြင်း သို့မဟုတ် ကပ်ရောဂါအတိုင်းအတာလျှော့ချခြင်း လုပ်နိုင်လိမ့်မည်ဟု နယ်စည်းမခြားသတင်းထောက်များအဖွဲ့က မှတ်ချက်ပေးခဲ့သည်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဗိုင်းရပ်စ် စတင်ကူးစက်ပြန့်ပွားခဲ့ချိန်က သတင်းဖော်ပြမှုများကို ဆင်ဆာဖြတ်ခဲ့ခြင်းကြောင့် ဗိုင်းရပ်စ် ကူးစက်မှု၏ ပြင်းထန်မှုအတိုင်းအတာကို မီးမောင်းထိုးဖော်ပြရန် အခွင့်အရေး ဆုံးရှုံးခဲ့ရခြင်းဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြောသည်။ ထို့အပြင် ကမ္ဘာတစ်ဝန်းရှိ အာဏာကိုင်စွဲထားသည့် နိုင်ငံခေါင်းဆောင်များမှာ ဂျာနယ်လစ်များကို ချုပ်ကိုင်နိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို အသုံးချနေသည်ဟု အဆိုပါအဖွဲ့က သတိပေးခဲ့သည်။ ''တရုတ်နိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ရှိခဲ့မယ်၊ ဖော်ကောင်တွေကိုလည်း အသံတိတ်အောင် မလုပ်ခဲ့ဘူးဆိုရင် ကပ်ရောဂါဖြစ်မယ့် အခြေအနေကို တားဆီးနိုင်လောက်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့က သတင်းလွတ်လပ်ခွင့်ကို သီအိုရီအရပဲ ပြောနိုင်တယ်။ ဒါပေမဲ့ အခုဖြစ်ရပ်မှာတော့ သတင်းလွတ်လပ်ခွင့်မရှိခြင်းရဲ့ သက်ရောက်မှုကို မျက်ဝါးထင်ထင် မြင်ရပါပြီ။ ဒါက ကျွန်တော်တို့အားလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်''ဟု နယ်စည်းမခြားသတင်းထောက်များအဖွဲ့၏ ဗြိတိန်ဗျူရိုဒါရိုက်တာ ဗင်းဆင့်က ပြောသည်။ ဝူဟန်မြို့တွင် COVID-19 ရောဂါ စတင်ပျံ့နှံ့ခဲ့သည့် အစောပိုင်းကာလများတွင် တရုတ်နိုင်ငံရေးသမား များက ဗိုင်းရပ်စ်၏ ပြင်းထန်မှုကို လျှော့ပြောခဲ့ပြီး အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဖော်ကောင် လုပ်သူများကို ရဲတပ်ဖွဲ့က သတင်းမှားဖြန့်သည်ဟုဆိုကာ ထိန်းချုပ်ခဲ့သည်။ ''တတ်နိုင်သမျှ အစောဆုံးထားပြီး အမှန်အတိုင်း သတင်းထုတ်ခဲ့မယ်ဆိုရင် တခြားနိုင်ငံတွေ အချိန်စောစော၊ ထိထိရောက်ရောက် တုံ့ပြန်ခွင့်ရမှာပါ။ မီဒီယာလွတ်လပ်ခွင့်ကို ချုပ်ကိုင်တဲ့ ဘေးထွက်ဆိုးကျိုးကတော့ အသက်သေနိုင်ပါတယ်''ဟု ဗင်းဆင့်က ပြောသည်။ သို့သော် နယ်စည်းမခြားသတင်းထောက်များအဖွဲ့က တရုတ်နိုင်ငံအပေါ် အမြင်မကြည်မှု အမြစ်တွယ်နေကြောင်း၊ ယင်းတို့၏ အမည်ခံအစီရင်ခံစာမှာ အဖက်လုပ်ရန် မထိုက်တန်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဂျန်းရှောင်ကပြောသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ