နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ်၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရန်ကုန်  စက်တင်ဘာ  ၂


COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် အတွင်းရေးမှူး EO ဦးဝင်းနိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင်မိုးသာ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စက်တင်ဘာ ၁ ရက်၊ နံနက် ၈ နာရီအချိန်က အောက်မင်္ဂလာဒုံလမ်းရှိ ဖော့ကန်ဈေး နှင့် အောင်ဆန်းဈေးများသို့ သွားရောက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  လမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်း၊ ဈေးဝယ်များ နှာခေါင်းစည်းများတပ်ဆင်ထားခြင်း ရှိ/မရှိ  လိုက်လံစစ်ဆေးခဲ့ပြီး လိုက်နာမှု မရှိသောဈေးသည်များကို ဒဏ်ငွေဖြင့်အရေးယူခြင်းများ၊ ဈေးဝယ်လာသူများ  မလိုက်နာပါက ဈေးအတွင်းသို့ ဝင်ရောက်ခွင့်မပြုခြင်းများကို လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့စဉ်။

ဇွဲထက်ကို(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ