နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီရဲ့ရည်မှန်းချက်က နေးရှင်းလိဂ်ဗိုလ်လုပွဲရောက်ရှိရေးပဲဖြစ်

စက်တင်ဘာ ၂


၂၀၂၀-၂၁ နေးရှင်းလိဂ်ပြိုင်ပွဲဝင် အီတလီအသင်းရဲ့ အန္တိမရည်မှန်းချက်ကတော့ ဗိုလ်လုပွဲရောက်ရှိရေးပဲလို့ နည်းပြမန်စီနီက ပြောကြားလိုက်ပါတယ်။ အီတလီအသင်းဟာ  စက်တင်ဘာ ၄ ရက်မှာ ဘော့စနီးယား၊ စက်တင်ဘာ ၇ ရက်မှာ နယ်သာလန်တို့နဲ့ နေးရှင်းလိဂ်ပွဲများကစားရမှာဖြစ်ကာအသင်းကို လှလှပပနဲ့ဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးနဲ့ကစားစေကာ ဗိုလ်လုပွဲကိုရောက်ဖို့ မန်စီနီကပစ်မှတ်ထားနေခြင်းပဲဖြစ်ပါတယ်။

အီတလီက ဘော့စနီးယားကို ဖလောရင့်မြို့ရှိ ဖီအိုရင်တီးနားအသင်းပိုင်ကွင်းမှာ ကစားသွား မှာဖြစ်ပါတယ်။ အီတလီစီးရီးအေက ရိုးမားအသင်းရဲ့တိုက်စစ်မှူး ဒီဇီကိုရဲ့ ဘော့စနီးယားကို ယူရို ၂၀၂၀ ခြေစစ်ပွဲတွေမှာ အီတလီအဝေးကွင်း၊ အိမ်ကွင်းနှစ်ကျော့စလုံးအနိုင်ရရှိခဲ့ပေမယ့် ဦးဆောင်ဂိုးကို ဘော့စနီးယား ကအရင်သွင်းယူခဲ့တာပါ။ ယူရို ၂၀၂၀ ခြေစစ်ပွဲ ၁၀ ပွဲစလုံးအနိုင်ရခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် စံချိန်အဖြစ် ၁၁ ပွဲထိ အနိုင်ရခဲ့ပါတယ်။ လက်ရွေးစင်နည်းပြကနေ ကလပ်နည်းပြအဖြစ် ပြန်လည်နည်းပြနိုင် တယ်ဆိုတာတွေကို မန်စီနီကငြင်းဆိုထားပါတယ်။ အီတလီအတွက် ရွေးချယ်ခဲ့တဲ့လူစာရင်းတွင် ကစားသမားအားလုံးကိုဗစ်ကင်းစင်ခဲ့ပေမယ့် ချဲလ်ဆီးမှ ဂျော်ဂျင်ဟိုဟာ ကိုဗစ်အတည်ပြုလူနာတစ်ဉီးနဲ့အနီးကပ်နေထိုင်ခဲ့တာကြောင့် သီးသန့်ခွဲထားရပါတယ်။ သို့ပေမယ့် ဘော့စနီးယား၊ နယ်သာလန်ပွဲများမတိုင်ခင် လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနိုင်ဖွယ်ရှိပါတယ်။ အီတလီမှာ တိုက်စစ်မှူးများနေတာကြောင့် ဦးစားပေးတိုက်စစ်အတွဲရွေးဖို့ ခက်နေ တယ်လို့ မန်စီနီကဆိုပါတယ်။                                                                                                           

(SO)






အခြားဆက်စပ်သတင်းများ