နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကြောင့် ကွယ်လွန်သည့် ဆရာဝန်၏ဈာပနတွင် တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၂၀ ကို ဖမ်းဆီး

ဧပြီ ၂၂၊ နယူးဒေလီ COVID-19 ရောဂါကြောင့် ကွယ်လွန်ခဲ့သည့် နာမည်ကျော်ဆရာဝန်တစ်ဦး၏ ဈာပနအခမ်းအနားကို ရုန်းရင်းဆန်ခတ် တားဆီးခဲ့သည့်အတွက် အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် အနည်းဆုံး လူ ၂၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့ညက ဒေါက်တာဆိုင်မွန်ဟာကျူလီ၏ ရုပ်အလောင်းကို ချန်နိုင်းမြို့ရှိ သုဿန်သို့ ပို့ဆောင်ချိန်တွင် ယင်း၏မိတ်ဆွေများ၊ မိသားစုများ တိုက်ခိုက်ခံခဲ့ရသည်။ ပြီးခဲ့သည့်တနင်္လာနေ့ အစောပိုင်းတွင် ဆိုင်မွန်ဟာကျူလီ၏ မိသားစုဝင် တစ်ဦးတစ်ယောက်မျှမပါဘဲ ယင်း၏သူငယ်ချင်းတစ်ဦးက ရုပ်အလောင်းကို တိတ်တဆိတ် သင်္ဂြိုဟ်ခဲ့ရသည်။ '' သူက ဒီလိုအဆုံးသတ်မျိုးနဲ့ မထိုက်တန်ပါဘူး။ သူသူကိုယ်ကိုယ် ရကြတဲ့ လူသားချင်းစာနာမှုတောင် မရခဲ့ရှာဘူး။ သူ့မိန်းမနဲ့ သူ့သားလေးတောင် သူ့ကို နှုတ်ဆက်ခွင့် မရခဲ့ဘူး''ဟု ဒေါက်တာပရာဒိက ပြောသည်။ ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ လူ ၂၀ နီးပါး ပါဝင်သည့် လူအုပ်ကြီးက ဆိုင်မွန်ဟာကျူလီ၏ မိသားစုများ၊ သူငယ်ချင်များကို တုတ်များဖြင့် ရိုက်ခဲ့ခြင်းဟု သိရသည်။ အဆိုပါဖြစ်ရပ်တွင် အရေးပေါ်လူနာတင်ကား မောင်းနှင်သည့် ယာဉ်မောင်းနှစ်ဦးလည်း ဒဏ်ရာရခဲ့သည်။ COVID-19 ရောဂါရှိသူများကို သုသာန်တွင် မြှုပ်ပါက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့သွားမည်ဟု သုသာန်အနီးတွင် နေထိုင်သူများက စိုးရိမ်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ