နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်အဆင်မြှင့်တင်ရေးကြီးကြပ်မှုကော်မတီ ၏ လုပ်ငန်းညှိ့နှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်   စက်တင်ဘာ  ၂


ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်အဆင်မြှင့်တင်ရေးကြီးကြပ်မှုကော်မတီ ၏ လုပ်ငန်းညှိ့နှိုင်းအစည်းအဝေး အား ယနေ့နံနက် ၁၀ နာရီက  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၃)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်အဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီ နာယက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်အဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး မှ ရှင်းလင်းဆွေးနွေးပြီး

ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်အဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ သန်းသန်းသွယ် မှ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။


သတင်း မိုးမြင့်မောင်

ဓာတ်ပုံ   ကျော်သူထက်






အခြားဆက်စပ်သတင်းများ