နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလုပ်ရှင်စွန့်ခွာသွားသော အထည်ချုပ်စက်ရုံနှစ်ရုံမှ အလုပ်သမားများ ဥပဒေပါအတိုင်း လုပ်ခလစာရရှိရေးဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၂


ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ပန်းစက်မှုဇုန်နှင့် ရွှေပြည်သာစက်မှုဇုန်တို့ရှိ ဆူရှင်းအထည်ချုပ်စက်ရုံနှင့် မြန်မာရွိုင်ရယ်အပိုလိုအထည်ချုပ်စက်ရုံတို့တွင်အလုပ်ရှင်စွန့်ခွာသွားသောစက်ရုံတို့မှအလုပ်သမားများကို ဥပဒေပါအတိုင်းလုပ်ခလစာရရှိရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဖွဲ့စည်းပေးထားသောကော်မတီမှ ဆောင်ရွက် နေကြောင်းတိုင်းဒေသကြီးအလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှသိရသည်။

 အဆိုပါစက်ရုံပိုင်ရှင်များ စက်ရုံများကို စွန့်ခွာသွားသောကြောင့်ကျန်ရှိသော အလုပ်သမားများလုပ်ခလစာရရှိရန် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြခဲ့ရာတိုင်းဒေသကြီးအစိုးရအဖွဲ့မှလမ်းညွှန်မှုနှင့်အညီ စက်ရုံအား ဝရမ်းစွဲကပ်နိုင်မှုပစ္စည်းစာရင်းကောက်ယူရေးအဖွဲ့၊ဝရမ်းစွဲကပ်ပစ္စည်းစာရင်းထိန်းသိမ်းရေးနှင့်အလုပ်ရှင်ပိုင် ပစ္စည်းများလေလံတင်ရောင်းချရေးစသော ကော်မတီသုံးရပ်ကိုဖွဲ့စည်းပြီးနောက် ဥပဒေပါအတိုင်းအလုပ်သမားအခွင့်အရေးများရရှိရန်စက်ရုံပစ္စည်းများကိုပွင့်လင်းမြင်သာစွာလေလံတင်ရောင်းချလျက်ရှိသည်။    “လှိုင်သာယာမှာ ရှိတဲ့ဆူရှင်းအထည်ချုပ်စက်ရုံကိုအိုးပင်းတင်ဒါအဖြစ်ဩဂုတ်၃၁ရက်ကစပြီး၅ရက်ကြည့်ရှုနိုင်ဖို့ပြသ ထားပါတယ်။ ရွှေပြည်သာကစက်ရုံကိုတော့စက်တင်ဘာ ၃ ရက်မှာ လေလံတင်ရောင်းချမှုကိုဆောင်ရွက်မှာပါ။ စက်ရုံပိုင်ရှင်ထွက်ပြေးတဲ့အတွက် နိုင်ငံခြားသားပိုင်စက်ရုံဖြစ်တာကြောင့်ပစ္စည်းပျောက်ရှမှုမရှိအောင်ဌာနဆိုင်ရာနဲ့အဖွဲ့အစည်းတွေပူးပေါင်းပြီးချိတ်ပိတ်သိမ်းဆည်းပြီးတော့ယခုအခါမှာလေလံတင်ရောင်းချမှုတွေဆောင်ရွက်နေပါတယ်။စက်ရုံနှစ်ရုံလုံးဖွင့်တာကြာပါပြီ၊ကိုဗစ်ကာလမှာနိုင်ငံခြားကိုပြန်သွားပြီးပြန်မလာတဲ့အတွက်အလုပ်သမားများရဲ့လုပ်ခလစာရရှိဖို့ဆောင်ရွက်ပေးနေပါ တယ်”ဟုအလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှုးဦးကိုကိုနိုင်(တိုင်းဦးစီးမှူး)ကပြောသည်။

   ရွှေပြည်သာစက်မှုဇုန်၂ရှိမြန်မာရွိုင်ရယ်အပိုလိုအထည်ချုပ်စက်ရုံတွင်အလုပ်သမား၄၆၀ဦးရှိပြီးလှိုင်သာယာမြို့ နယ်ရွှေလင်ပန်းစက်မှုဇုန်ဆူရှင်းအထည်ချုပ်စက်ရုံ၌အလုပ်သမား ၃၂၆ ဦးရှိ၍အဆိုပါဖြစ်စဉ်အားမတ်လ ၅ ရက်၌ စက်ရုံနှစ်ရုံလုံးဖြစ်ပွားခဲ့ခြင်းဖြစ်ရာအလုပ်သမားခေါင်းဆောင်များတင်ပြမှုဖြင့်အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ အချိန်မီဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း၊အလုပ်သမားများကြုံတွေ့ရသောအခက်အခဲများကိုမြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နှင့်အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့မှအလုပ်သမားတို့၏ ဥပဒေပါရပိုင်ခွင့်များကို အကာအကွယ်ပေးလျက်ရှိပြီး လုပ်ငန်းခွင်အဆင်ပြေချောမွေ့စေရေး၊အလုပ်သမားအငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ခြင်းနှင့်အလုပ်သမားတို့၏ရပိုင်ခွင့်များမျှတမှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

      စက်ရုံအလုပ်သမားများ မမျှော်လင့်ဘဲကြုံတွေ့ရလေ့ရှိသော စက်ရုံအခက်အခဲများကိုတင်ပြမှုနှင့်အညီတိုင်းဒေ သကြီးအစိုးရအဖွဲ့ထံတင်ပြ၍အလုပ်သမားတို့၏ဆုံးရှုံးမှုအား ဥပဒေပါအတိုင်းရပိုင်ခွင့်များရရှိရန်အလုပ်သမား  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၄ခုမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍ ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၁၉-ခုနှစ်တွင် ၅ကြိမ်ခန့်အလုပ်ရှင်ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ယခုနှစ်၌ရွှေပြည် သာစက်မှုဇုန်တွင် ထိုသို့ဖြစ်ပွားသော စက်ရုံ ၄ ရုံမှအလုပ်သမားများကိုလည်း လုပ်ခလစာရရှိရန်တာဝန်ရှိသူများ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုစက်ရုံနှစ်ရုံမှပစ္စည်းများနှင့်စက်ရုံအားလေလံတင်ရောင်းချပြီးနောက်ရရှိသောငွေကြေးအားလုပ်ခပေးရေးဥပဒေအရအလုပ်သမားများ၏လုပ်အားခကို ဦးစွာပေးချေမည်ဖြစ်ပြီးအလုပ်သမားများ၏ လုပ်သက်အလိုက် နစ်နာကြေးများကိုလည်းဥပဒေပါခွင့်ပြုချက်နှင့်အညီရရှိသောငွေကြေးပေါ်မူတည်၍ ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှသိရ သည်။                                                                                                                   

 ဓာတ်ပုံ -ကနူး   - ( ၁၁၂ )






အခြားဆက်စပ်သတင်းများ