နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့ Fixed ကွန်ရက် ကမ္ဘာ့အဆင့် သုံးဆင့်မြင့်တက်ကာ 5BB Broadband မှ ဆုရရှိ

ရန်ကုန်၊  စက်တင်ဘာ  ၂


ကမ္ဘာလုံးဆိုင်ရာ အင်တာနက်စမ်းသပ်အကဲဖြတ်ရေးဦးဆောင်အဖွဲ့အစည်းဖြစ်သော Ookal မှ ပေးသော မြန်မာ့ Fixed ကွန်ရက်အမြန်ဆုံးဆုကို ပြည်တွင်း၌ ဝန်ဆောင်မှုပေးနေသော 5BB Broadband မှ ရရှိသွား ကြောင်း စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နယ်မြေ MICT Park ဝင်းရှိ 5BB Broadband ရုံးချုပ်တွင်ကျင်းပသော မီဒီယာရှင်းလင်းပွဲမှ သိရသည်။

ထိုဆုပေးသော ကမ္ဘာလုံးဆိုင်ရာအင်တာနက်စမ်းသပ်အကဲဖြတ်ရေးဦးဆောင်အဖွဲ့အစည်းဖြစ်သော Ookal သည် ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ ပြည်တွင်း၌ ဝန်ဆောင်မှုပေးသော Fixed လိုင်းများအနက်မှ   မြန်မာနိုင်ငံတွင် လူဦးရေ ၁၅ သန်းကျော်တွင် Fixed  ကွန်ရက်ဝန်ဆောင်မှုပေးနေသော 5BB Broadband အား  Download Speeds  57.97 Mbps ဖြင့် ကမ္ဘာ့အဆင့်သုံးဆင့်မြင့်တက်ကာ အဆင့်(၁၁၈) ဆင့်သို့ ရောက်ရှိသွားသည့်အတွက် ဆုပေးလိုက်ခြင်းဖြစ်သည်။

"ကမ္ဘာ့အဆင့်အင်တာနက်မြန်နှုန်းသတ်မှတ်တဲ့ အမေရိကန်နိုင်ငံအခြေစိုက် Ookal အဖွဲ့အစည်းက Speedtest ကို တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ နိုင်ငံအလိုက် အင်တာနက်မြန်နှုန်းတွေကို ထုတ်ပြန်ပေး တယ်။ အဲ့ဒီမှာ ဖွံ့ဖြိုးပြီးတိုင်းပြည်တွေကတော့ 1 to 10 ကနေ အဆင့်လိုက်ရှိတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ Fixed Broadband က ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ အဆင့် (၁၂၁) အဆင့်(121th) ကနေ အခု ၂၀၂၀ ပြည့်နှစ်မှာ ကျွန်တော်တို့ 5BB Broadband က အဆင့်(၁၁၈) အဆင့် (118 th) အဆင့်ကို Downland 57.97 Mbps နဲ့ အခု သြဂုတ်လမှာ ရရှိခဲ့တယ်။ ဒါက ကျွန်တော်တို့အဖွဲ့အစည်းတစ်ခုတည်းနဲ့တင် အဆင့်သုံးဆင့် မြင့်တက်သွားတာပါ။ ဒါကို ကျွန်တော်တို့လို အိမ်သုံး/ရုံးသုံး အခြားစီးပွားရေးလုပ်ငန်းသုံး Fixed အင်တာနက် တွေရှိတယ်။ ဒါ့အပြင် အစိုးရဝန်ကြီးဌာနတွေကလည်း ဒီထက်ပိုမိုပြီး ကောင်းမွန်တဲ့မူဝါဒတွေထုတ်ပြန်ပြီး  အားလုံးပူးပေါင်းလုပ်ကြမယ်ဆိုရင် Average က ၁၀ဝ ထဲဝင်လာမယ်။  ၅၀ အတွင်းရောက်လာမယ်။ ဒီလို ဖြစ်လာတာနဲ့အမျှ မြန်မာပြည်မှာ အင်တာနက်ပလက်ဖောင်းကို အသုံးပြုနေတဲ့ လုပ်ငန်းတွေ၊ ပြည်သူလူထု တွေဟာ ငွေကြေးနည်းနည်းနဲ့ ဒီထက်မကကောင်းမွန်တဲ့ အင်တာနက်ဝန်ဆောင်မှုကောင်းတွေကို ပိုမိုရရှိမှာ ဖြစ်ပါတယ်"ဟု 5BB BROADBAND မှ CEO ဦးသိန်းသန်းတိုးက မီဒီယာများကိုပြောသည်။

ထို အမေရိကန်နိုင်ငံအခြေစိုက် Ookal အဖွဲ့အစည်းက မြန်မာနိုင်ငံ၏ Fixed  Speedtest Award ဆုအတွက် ပြည်တွင်း Fixed သုံးစွဲသူ ၁၅၃၉၄၀၆ ဦး၏ မြန်မာပြည်တစ်ဝန်း Fixbed ကွန်ရက်များအတွက် ၂၀၂၀ ပြည့်နှစ်  ဇွန်လအထိ  အမြန်နှုန်းစမ်းသပ်မှုအပ်ပလီကေးရှင်းပေါ်အခြေခံကာ တိကျ မှန်ကန်သည့် လေ့လာဆန်းစစ်မှု အတိုင်း ပေးအပ်ခြင်းဖြစ်သည်။ ထို Fixbed ကွန်ရက် မြန်နှုန်းမြင့်မားမှုတွင် အခြား Fixbed ဝန်ဆောင်မှု များထက် 5BB BROADBAND ဝန်ဆောင်မှုက  ရရှိခြင်းဖြစ်ကြောင်း ယနေ့မီဒီယာရှင်းလင်းပွဲမှ သိရသည်။

ပြည်တွင်း၌ ကမ္ဘာ့အဆင့်  Fixbed ဝန်ဆောင်မှုအဆင့်သုံးဆင့်မြင့်တက်အောင်ဆောင်ရွက်ပေးသော 5BB BROADBAND အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဘားအံ၊ မော်လမြိုင်၊ ကျိုက်ထို၊ သထုံ၊ ပြည် စသော မြို့ကြီးများကို ကွန်ရက်ဖြန့်ကျက်ထားပြီး မြို့ကြီး ၂၆ မြို့အထိ ဖြန့်ကျက်သွားရန် လျာထားကြောင်း ယနေ့ရှင်းလင်းပွဲမှ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ကမ္ဘာ့အင်တာနက်အမြန်ဆုံးနိုင်ငံမှာ စင်္ကာပူနိုင်ငံဖြစ်ပြီး Download Speed 213.18 Mbps  တွင် ကမ္ဘာ့ပျမ်းမျှအင်တာနက်မှာ Download Speed 81.46 Mbps ရှိသည်။ ယင်းအချိန်တွင် 5BB BROADBAND မှ Fixed Broadband မှ မြန်မာ့အင်တာနက် Download Speed မှာ 57.97 Mpbs ရှိနေကြောင်း သိရသည်။ 

ယခင် ၂၀၁၉ ခုနှစ်တွင် အဆင့် (၁၂၁) အဆင့်(121th) မှ  ယခု ၂၀၂၀ ပြည့်နှစ်တွင် အဆင့် (၁၁၈) အဆင့်သို့ အဆင့်သုံးဆင့်မြင့်ကာ တိုးတက်လာခြင်းဖြစ်ကြောင်း ယနေ့မီဒီယာရှင်းလင်းပွဲမှ သိရသည်။


(မင်းခ)






အခြားဆက်စပ်သတင်းများ