နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဂ္ဂလိကငါးလုပ်ငန်းရှင်များထံမှ ငါးသားပေါက် ကောင်ရေ သိန် ၆၀ ကျော် ဝယ်ယူကာ ဖြန့်ဖြူးထောက်ပံ့ဆောင်ရွက်ပေးသွားမည်

ရန်ကုန်၊  စက်တင်ဘာ  ၂


ပုဂ္ဂလိကငါးလုပ်ငန်းရှင်များထံမှ ငါးသားပေါက် ကောင်ရေ သိန်း ၆၀ ကျော် ဝယ်ယူကာ ဖြန့်ဖြူးထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ထုတ်ပြန်သတင်းများအရ သိရသည်။

လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဋ္ဌာန အနေဖြင့် မြစ်ချောင်းအင်းအိုင်များတွင် ငါးသယံဇာတများ စဉ်ဆက်မပြတ်တည်ရှိနေစေရေးအတွက် ငါးမျိုးများ စိုက်ထည့်ဆောင်ရွက်ပေးနေသကဲ့သို့ ငါးမွေးတောင်သူများအတွက်လည်း ငါးသားပေါက်များ ထောက်ပံ့ ဖြည့်ဆည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ 

အဆိုပါဆောင်ရွက်ပေးနေမှုများအရ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသားပေါက် များ ထောက်ပံ့ရန်နှင့် ငါးသားပေါက်များ ဖြန့်ဖြူးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ပုဂ္ဂလိက ငါးလုပ်ငန်းရှင်များထံမှ ၁ ဒသမ ၅ လက်မ အရွယ်အစားရှိ ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ ၆၇၀ဝ၀ဝ၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဝယ်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ ဝယ်ယူရရှိလာသည့် ငါးမြစ်ချင်း ငါးသားပေါက်များကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်၊ လှည်းကူး၊ မှော်ဘီ၊ မင်္ဂလာဒုံနှင့် အရှေ့ဒဂုံမြို့နယ်များ တွင် ငါးသားပေါက်ထောက်ပံ့ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ကြောင့် အဆိုပါ ငါးမြစ်ချင်းငါးသားပေါက်များ ရောင်းချလိုသူ ငါးလုပ်ငန်းရှင်များအနေဖြင့် စက်တင်ဘာ ၁ ရက်မှ ၇ ရက်အတွင်း တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနတွင် ဝယ်ယူတင်သွင်းနိုင်ကြောင်း သိရသည်။

အသေးစိတ်အချက်အလက်များသိရှိလိုပါက ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်ရုံး၊ ဖုန်း-ဝ၉၄၂၀၇၂၅၄၅၆၊ ဝ၉- ၂၀၅၅၆၅၃၄ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။


(ကိုသာစစ်)






အခြားဆက်စပ်သတင်းများ