ရန်ကုန်၊ စက်တင်ဘာ ၂
ဗိုလ်အောင်ကျော်လမ်း(ကုန်သည်လမ်းနှင့်ကမ်းနားလမ်းအကြား)ရှိ ရေဆိုးထုတ်မြောင်းများ အဆင့်မြှင့်တင် ပြုပြင်နေမှုကို အရှည် ၆၀၀ ပေ၊ အကျယ် ၂ ပေ၊ အနက် ၅ ပေ ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုမှတစ်ဆင့် ပန်းဆိုးတန်းမြစ်ထွက်ပေါက်သို့ စီးဝင်စေမှာဖြစ်ကြောင်း၊ စက်တင်ဘာ ၂ ရက်က မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့် လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဇော်တို့က ကွင်းဆင်းစစ်ဆေးရာ မြို့နယ်ရေစီးရေလာနှင့်ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်းတာဝန်ခံအရာရှိ ဒေါ်မိုးမိုးအေးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားနေစဉ်။
(မောင်မောင်)