ရန်ကုန်၊ စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်များကြီးကြပ်ကွပ်ကဲရေးအာဏာပိုင်အဖွဲ့(YRTA)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အလုံမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့ ပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် သခင်မြပန်းခြံကားဂိတ် များတွင် စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီက အသိပညာပေးလက်ကမ်းစောင်များ စောင်ရေ ၁၀၀၀၀ နှင့် ပါးစပ်နှာခေါင်းစည်း(mask) အခု ၁၀၀၀၀ ဝေငှခြင်းများ ဆောင်ရွက်ခဲ့စဉ်။
တင်တင်ချို(ပြန်/ဆက်)