နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေပြည်သာမြို့နယ် လမ်းမကြီးများ လမ်းမီးလုံးလဲလှယ်

ရန်ကုန် စက်တင်ဘာ ၂


ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းလမ်းမီးဌာနနှင့် ရွှေပြည်သာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတို့ ပူးပေါင်းကာ မြို့အတွင်းရှိ ယာဉ်သွားလမ်းမကြီးများသည် ညအမှောင်ချိန်တွင်    ထွန်းညှိပေးထားသော    လမ်းမီးတိုင်များ၌ အလင်းရောင်မရဘဲ ကျွမ်းပျက်မီးလုံးများကို အလင်းရောင် ကောင်းမွန်စေရန်အတွက် အသစ်ပြန်လည်အစားထိုးလဲလှယ်ပြင်ဆင်မှုလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း စက်တင်ဘာ ၂ ရက်က သိရသည်။

On Call ပြည်သူတွေ တင်ပြလာမှုအပေါ်မှာ ကျွန်တော်တို့ဌာနနဲ့ လမ်းမီးဌာနတို့ပူးပေါင်းပြီး ဘုရင့်နောင်လမ်း၊ ပုလဲလမ်း၊ အမှတ် (၄) လမ်းတို့၌ ကျွမ်းနေတဲ့မီးလုံး ၂၇ လုံး ဆိုဒီယမ် ၁၅၀ ဝပ် မီးလုံးကို အလင်းရောင်ကောင်းစွာရရှိပြီး မြို့နယ်အတွင်းမှာ ညအမှောင်အချိန် ခရီးသွားလာနေတဲ့ပြည်သူတွေ မှုခင်းမဖြစ်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်လွင်မိုးက ပြောသည်။


မြင့်သန်းကြည်(ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ