နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာကုန်ထုတ်သမအသင်းပေါင်း နှစ်သောင်းခုနစ်ထောင်ကျော် ဖွဲ့စည်းကာ စိုက်ပျိုးလယ်ယာမြေ ဧကသုံးထောင့်သုံးရာကျော်တွင် ကန်ထရိုက်လယ်ယာမြေစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်

နေပြည်တော်  စက်တင်ဘာ  ၁


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာနအနေနှင့် သမဝါယမအသင်းများ ဥပဒေနှင့်အညီ စီမံဆောင်ရွက်နိုင်ရန် ထိန်းကျောင်းကူညီဆောင်ရွက်ပေးနေ သည်။ ထို့ကြောင့် သမအသင်းတိုင်းသည် ဗဟိုသမဝါယမအသင်း၏ဦးဆောင်မှုဖြင့် လွတ်လပ်သောအသင်းအဖွဲ့ များအဖြစ် ရပ်တည်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအထိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် အသင်းသား ၄ ဒသမ ၂၁ သန်းအထိ တိုးတက်လာကာ  ကုန်ထုတ်လုပ်မှုသမဝါယမအသင်း ၃၂၅၂၄ သင်း၊ ဝန်ဆောင်မှုသမဝါယမအသင်း ၃၉၄၄ သင်းနှင့်ကုန်သွယ်မှု  သမဝါယမအသင်း ၃၁၂၂ သင်း၊ စုစုပေါင်းသမဝါယမအသင်းပေါင်း ၃၉၅၈၀ သင်းအထိ ဖွဲ့စည်းဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖွဲ့စည်းဆောင်ရွက်ခဲ့သည့် သမဝါယမအသင်းလေးသောင်းနီးပါးတွင် လယ်ယာကုန်ထုတ် သမအသင်းပေါင်း ၂၇၃၉၈ သင်းပါဝင်သည်။ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အဆိုပါလယ်ယာ ကုန်ထုတ်သမအသင်းများက စိုက်ပျိုးမြေဧရိယာ ၃၃၄၁ ဧကတွင် ကန်ထရိုက်ယ်ယာမြေ (Contract Farming)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် သမဝါယမလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် အသင်းသားများ၏ အရင်းအနှီးမတည်ငွေရရှိရန် EXIM Bank of China မှ ချေးငွေများရယူကာ စိုက်ပျိုးစရိတ်အဖြစ် အသေးစားအရင်းအနှီးချေးငွေထုတ်ချေးပေးခြင်း၊ လယ်ယာ ဝန်ဆောင်မှုသမဝါယမအသင်းများ ဖွဲ့စည်းပေးခြင်း၊ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက်  ချေးငွေများထုတ်ချေးပေးခြင်း၊ မျိုးစေ့ထုတ်သမဝါယမအသင်း ၁၇၃ သင်းအထိ ဖွဲ့စည်းဆောင်ရွက်ကာမျိုးစေ့ ထုတ် ၁၂၇၇၅ ဒသမ ၇၂ ဧကအတွက် မျိုးစေ့ထုတ်တောင်သူများကို ငွေကျပ် ၂ ဒသမ ၁၆၄ ဘီလျံအထိ ထုတ်ချေးဆောင်ရွက်ပေးထားကြောင်း သိရသည်။


ကိုသာစစ်






အခြားဆက်စပ်သတင်းများ