နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဒဂုံဖျားနာကု (အခမဲ့) ဆေးခန်းတွင် တီဘီရောဂါစစ်ဆေးပေး

စက်တင်ဘာ ၁ 


ဖျားနာကုဆေးခန်းသို့ သြဂုတ် ၃၁ ရက်တွင် လာရောက်ပြသသူ လူနာ ကျား ၄ ဦး၊ မ ၄ဦးရှိပြီး လာရောက်ပြသူ တစ်ဦးတွင် သံသယလက္ခဏာမရှိသော်လည်း Covid 19 positive လူနာတစ်ဦးဖြင့့် ထိတွေ့မှုရှိခဲ့သဖြင့် Quarantine ထားရှိကာ Nasal Swab ယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖျားနာကုသဆေးခန်းတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တွင် တီဘီရောဂါအတွက်ပါ စစ်ဆေးပေးသွား မည်ဖြစ်ကြောင်း တောင်ဒဂုံဖျားနာကု(အခမဲ့)ဆေးခန်းက ပြောထားသည်။ 

အဆိုပါဆေးခန်းတွင် ဆေးခန်းထိုင်ပေးကြသည့် လုပ်အားပေး ဆရာဝန်နှင့် လုပ်အားပေးဆေးဝန်ထမ်းများသည် သတ်မှတ် ထားသော  PPE  ဝတ်စုံပြည့်ဖြင့်သာ ကြည့်ရှူကြခြင်းဖြစ်ပြီး ဆေးခန်းချိန်ပြီးသည်နှင့် ဆေးခန်းအတွင်းအပြင် နှင့် ဆေးခန်းဧရိယာတစ်ဝိုက်တွင် ပိုးသတ်ခြင်းများပြုလုပ်ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်ကူးစက်ရောဂါကာကွယ် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


(WP)






အခြားဆက်စပ်သတင်းများ