စက်တင်ဘာ ၁
အူစိန်ဘို့သ်မှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်မှာ ၃၄ နှစ်ပြည့်မြောက်ခဲ့တဲ့ မွေးနေ့ပါတီပွဲကို သူ့ရဲ့ နေအိမ်မှာကျင်းပခဲ့ပါတယ်။ ဒီပါတီပွဲကို အူစိန်ဘို့သ်ရဲ့ အတူနေချစ်သူ ကက်ဆီဘန်းက စီစဉ်ခဲ့တာပါ။ တက်ရောက်လာသူများဟာ Social Distancing နဲ့အညီ နေထိုင်ခြင်းမရှိသလို နှာခေါင်းစည်းဝတ်ဆင်သူလည်းနည်းပါးပါတယ်။
ဂျမေကာမှာ လူ ၂၀ ထက်ပိုမစုရဆိုတဲ့ အမိန့်ကလည်း တည်ရှိနေပါတယ်။ အူစိန်ဘို့သ်ရဲ့ မွေးနေ့ပါတီ ဟာ COVID-19 နဲ့ ပတ်သက်တဲ့စည်းမျဉ်းတွေချိုးဖောက်ပြီး ကျင်းပခဲ့တာကြောင့် ဂျမေကာဝန်ကြီးချုပ် ညွှန်ကြားမှုနဲ့ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ အူစိန်ဘော့စ်ရဲ့မွေးနေ့ပါတီဟာ COVID-19 ရဲ့ စည်းကမ်းတွေချိုးဖောက်ထားတာ တွေ့ရပါတယ်။ အိုလံပစ်ရွှေတံဆိပ် ၈ ခုပိုင်ရှင် ဘိုသ့်ဟာ ကခုန် ပျော်ပါးခဲ့ပါတယ်။ ဘို့သ်တစ်ယောက်ပါတီပွဲအပြီးမှာ ခွဲနေခဲ့ပေမယ့် ရက်အနည်းငယ်ကြာမှာ COVID-19 ရောဂါပိုးကူးစက်ခံထားရကြောင်း တွေ့ရှိရခြင်းဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ က ဒီပါတီပွဲဖြစ်စဉ်တစ်ခုလုံးကို စုံစမ်း နေသလို ဘို့သ်ကလည်း ပြစ်ဒဏ်တစ်ခုခုချမှတ်ခံရဖွယ်ရှိပါတယ်။ ပါတီပွဲကို တက်ရောက်ခဲ့တဲ့ စတားလင်း ကတော့ ရောဂါပိုးမကူးစက်ခဲ့တာကြောင့် စိတ်သက်သာရာရခဲ့ပါတယ်။ စတားလင်းဟာ အင်္ဂလန်လက်ရွေးစဉ်တစ်ဦးပါ။
(SO)