နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ဝင်ငွေအများဆုံး အမျိုးသမီးအားကစားသမားစာရင်း

စက်တင်ဘာ ၁


ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာဟာ ဆရီနာဝီလျံကိုအသာရကာ ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့ကြောင်း ဖောဘိစ် မဂ္ဂဇင်းကထုတ်ပြန်တဲ့ ကမ္ဘာ့ဝင်ငွေအများဆုံးတင်းနစ်မယ်စာရင်းအရသိရှိရပါတယ်။ ဂျပန်တင်းနစ်မယ် အိုဆာကာ ရဲ့ဝင်ငွေမှာ ဒေါ်လာ ၃၇ ဒသမ ၄ သန်းဖြစ်ပြီး ဆရီနာဝီလျံရဲ့ ဝင်ငွေထက် ဒေါ်လာ ၃ ဒသမ ၆ သန်း ပိုများနေခဲ့ပါတယ်။

ကမ္ဘာ့နံပါတ်တစ် အက်ရှ်လေဘာတီမှာမူ ထိုစာရင်းရဲ့တတိယနေရာမှာသာရှိပါတယ်။ ဝင်ငွေ ဒေါ်လာ ၁၃ ဒသမ ၁ သန်းရှိတယ်လို့ သိရပါတယ်။ အမေရိကန်အင်တာနေရှင်နယ် ဘောလုံးအမျိုးသမီးကစားသမားဖြစ်တဲ့ အဲလက်စ်မော်ဂန်မှာ ထိုထိပ်ဆုံး ၁၀ ဦးစာရင်းတွင် တင်းနစ်လောကပြင်ပမှ တစ်ဦးတည်းအားကစားသမားဖြစ်ကာ ဒေါ်လာ ၄ ဒသမ ၆ သန်းရှိနေပါတယ်။ မော်ဂန်ဟာ ပြီးခဲ့တဲ့မေလပိုင်းက ပထမဆုံးရင်သွေးမွေးဖွားခဲ့သူဖြစ်ပါတယ်။ ယခုဖော်ပြခဲ့တဲ့စာရင်းက ၂၀၁၉၊ ဇွန်လ ၁ ရက်နေ့မှ ၂၀၂၀ ဇွန်လ ၁ ရက်အတွင်း ဝင်ငွေကို တွက်ချက်ဖော်ပြထားခြင်း ဖြစ်ပါတယ်။                                                                                               

(SO)






အခြားဆက်စပ်သတင်းများ