နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Medical Center (ဖောင်ကြီး) သို့ Covid-19 Positive လူနာများထားရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

လှည်းကူး၊  စက်တင်ဘာ  ၁


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးအရှေ့ကျေးရွာအုပ်စု၊ ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်) Medical Center(ဖောင်ကြီး)သို့ Covid-19 Positive လူနာများထားရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၃၁ ရက် ညနေ ၃ နာရီက ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ ဧည့်ရိပ်သာ(၁) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရခိုင်ပြည်နယ်တွင် လက်တလော Covid-19 ရောဂါကူးစက်မှုနှုန်း များပြားနေသောကြောင့် ယင်းပြည်နယ်တွင် ကျန်းမာရေး ဝန်ထမ်းနည်းပါးခြင်း၊ ကူးစက်မှုနှုန်းများပြားခြင်း၊ ယင်းလူနာများအား ထားရှိကုသရန် အခက်အခဲများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် ယင်းပြည်နယ်ရှိ Covid-19 Positive လူနာများအား လေကြောင်းအစီအစဉ်ဖြင့် စစ်တွေလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ပြီး ရန်ကုန်လေဆိပ်မှတဆင့် Medical Center(ဖောင်ကြီး)သို့ ပြောင်းရွှေ့ကုသရန် လုပ်ငန်းစဉ်များ၊ လူနာများထပ်မံရောက်ရှိလာပါက ကျန်းမာရေးဝန်ထမ်းများ ထပ်မံပြီး ဖြည့်တင်းဆောင်ရွက်မည့် အစီအမံများ၊ ယခုလက်ရှိအချိန်တွင် တပ်မတော်မှ Covid-19 ရောဂါအတွက် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သည့် ဆရာဝန်များအပြင် ယခုထက်ပိုမို၍ တာဝန်ထမ်းဆောင်ရန်အတွက် နောက် ထပ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သည့် ဆရာဝန်များ ထပ်မံရရှိစေရန်အတွက် ညှိနှိုင်းဆောင်ရွက်မည့် အစီအမံ များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက ယခုလက်ရှိချိန်တွင် Medical Center အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ  ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဦးစိုးသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၊ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် မြို့နယ်အဆင့်ကော်မတီဝင်များ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


နိုင်လင်း(လှည်းကူး)






အခြားဆက်စပ်သတင်းများ