နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီတာမင်ဒီက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်

စက်တင်ဘာ   ၁


ဗီတာမင်ဒီဆေးများ သောက်သုံးခြင်းကြောင့် အသက်အရွယ်ကြီးရင့်ပြီး ရေရှည်ကုသမှုခံယူနေရသူများ ပြင်းထန်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်ကြောင်း ကိုလိုရာဒိုအန့်စ်ချု့ဇ် ဆေးတက္ကသိုလ်မှ သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

လူနာများကို တစ်နှစ်ကြာလေ့လာပြီးနောက် ဗီတာမင်ဒီပမာဏမြင့်မားစွာ သောက်သုံးသူများသည် ပြင်းထန် သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှု ၄၀ ရာခိုင်နှုန်း လျော့ကျကြောင်း လေ့လာတွေ့ရှိခဲ့သည် ဟု သုတေသီများကပြောသည်။

ဗီတာမင်ဒီက ကိုယ်ခံအားစနစ်၏ ပထမ ခံစစ်စည်းကို အားကောင်းစေနိုင်သောကြောင့် ရောဂါပိုးမွှားများကို တိုက်ဖျက်မည့် ကိုယ်ခံအားစနစ်၏ စွမ်းရည်ကို တိုးတက်စေနိုင်သည်ဟု သုတေသီများက ပြောသည်။

အသက်အရွယ်ကြီးရင့်သူများတွင် ကိုယ်ခံအားစနစ်၏ ပထမဆုံးခံစစ်စည်းသည် မကြာခဏ ယိုယွင်းနေလေ့ ရှိသော်လည်း ဗီတာမင်ဒီက ယင်းကို အားဖြည့်ပေးပြီး အဆုတ်ရောဂါ၊ တုပ်ကွေးရောဂါနှင့် အဆုတ် လေပြွန်ရောင်ရောဂါတို့ကဲ့သို့ နာမကျန်းဖြစ်မှုများကို ကာကွယ်ပေးနိုင်သည်။

ဗီတာမင်ဒီပမာဏ မြင့်မားစွာ သောက်သုံးသူများသည် ယင်းရောဂါများ ဖြစ်ပွားမှုနည်းပါးပြီး လစဉ် ဗီတာမင်ဒီ ပမာဏ မြင့်မားစွာသောက်သူများထက် အနည်းငယ်သာ သောက်သူများသည် ရောဂါဖြစ်ပွားမှု သိသိသာသာ လျော့ကျခြင်းမရှိကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ