ရန်ကုန် စက်တင်ဘာ ၁
ယခုအခါမြန်မာနိုင်ငံသားများအနေနှင့်ပြည်ပနိုင်ငံများသို့ စီးပွားရေးလုပ်ငန်းသွားရောက်လုပ်ကိုင်မှု၊ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသောခင်ပွန်း/ဇနီးနှင့် လိုက်ပါနေထိုင်မှု၊ပြည်ပတွင် တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေမှု၊ ပြည်ပသို့ ဘာသာရေးသာသနာရေးကိစ္စများဖြင့် ပက်သက်ပြီးသွားရောက်မှု၊သင်္ဘောတက်ရောက်မည့်သင်္ဘောသားများ၏ ပြည်ပထွက်ခွာမှု ပြည်ပသို့ပညာသင်သွားရောက်မှု၊ ပြည်ပနိုင်ငံများသို့သွားရောက်လည်ပါတ်မှုနှင့် ပြည်ပနိုင်ငံ များသို့ သံတမန်ရေးရာကိစ္စရပ်များဆောင်ရွက်ရန် သွားရောက်မှုစသည့်ခရီးစဉ်(၉)မျိုးနှင့် သွားရောက်မှုများရှိနေသည်။ ထို့ကြောင့်ပြည်ပသို့သွားရောက်သည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ်(passport)ဖြင့် ခွင့်ပြု ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
ထိုသို့ခွင့်ပြုဆောင်ရွက်ပေးနေသည့်နိုင်ငံကူး လက်မှတ်(passport) အမျိုးအစားများမှာပြည်ပသို့ စီးပွားရေး လုပ်ငန်းသွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများအတွက်PB(Business Passport)၊ပြည်ပတွင်အလုပ်လုပ် ကိုင်နေသောခင်ပွန်း/ဇနီးနှင့်လိုက်ပါနေထိုင်မည့်မြန်မာနိုင်ငံသားများအတွက် PT (Dependent Passport) ၊ ပြည်ပတွင်တရားဝင် သွားရောက်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများအတွက် PJ(Job Passport)၊ ပြည်ပသို့ဘာသာရေးသာသနာရေးကိစ္စများဖြင့် ပက်သက်ပြီးသွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် PR(Religious Passport)၊ ပြည်ပနိုင်ငံ အသီးသီးသို့သင်္ဘောတက်မည့်သင်္ဘောသားများအတွက် PS(Seaman Passport)၊ ပြည်ပသို့ပညာသင်သွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် PE(Student Passport)၊ ပြည်ပနိုင်ငံများသို့ သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအတွက် PV(VisitPassport)၊ ပြည်ပနိုင်ငံများသို့သံတမန်ရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရန်သွားရောက်သည့်မြန်မာနိုင်ငံသာများအတွက် PD(DiplomaticPassport)နှင့်ပြည်ပနိုင်ငံများသို့နိုင်ငံတော်ရေးရာကိစ္စဖြင့်သွားရောက်မည့်အစိုးရဝန်ထမ်းအရာရှိများအတွက် PO(Official Passport)များကိုခွင့်ပြုထုတ်ပေးနေခြင်းဖြစ်သည်။
အဆိုပါနိုင်ငံကူးလက်မှတ်များကိုထုတ်ပေးရာတွင်အစိုးရဝန်ထမ်းများအတွက်အစိမ်းရောင်၊သံတမန်များအတွက်အပြာရောင်နှင့် နိုင်ငံသူ နိုင်ငံသားများအတွက် အနီရောင်ဟူ၍အရောင် ( ၃ )မျိုးခွဲခြားထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ကိုသာစစ်