နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်မှာ ဓာတ်ခွဲခန်းမှ ထွက်ပေါ်လာခြင်းမဟုတ်ဟု WHO ၏ ‌ပြောရေးဆိုခွင့်ရှိသူ ပြော

ဧပြီ ၂၂၊ ဂျီနီဗာ ရရှိထားသည့် သက်သေအထောက်အထားများအရ COVID-19 ရောဂါဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်မှာ လင်းနို့များမှ အစပြုခဲ့ခြင်းဖြစ်ပြီး ဓာတ်ခွဲခန်းမှ ထွက်ပေါ်လာခြင်းမဟုတ်ဟု ယူဆစရာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဖာဒီလာချစ်ဘ်က ပြောသည်။ ကိုရိုနာဗိုင်းရပ်စ်မှာ ဝူဟန်မြို့ ပင်လယ်စာဈေးမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ တရုတ်ဓာတ်ခွဲခန်းမှ ပျံ့နှံ့ခဲ့ခြင်းဖြစ်ဖွယ်ရှိသည်ဆိုသော ယူဆချက်ကို အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးနေကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိ များနှင့် အမျိုးသားလုံခြုံရေးအရာရှိများကပြောသည်။ ''ဒီအဆင့်မှာတော့ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ ရင်းမြစ်ကို တိတိကျကျ ခန့်မှန်းနိုင်ခြေမရှိသေးပါဘူး။ ဒါပေမဲ့ ရထားတဲ့ သက်သေအထောက်အထားတွေအရဆိုရင် တိရစ္ဆာန် တစ်ကောင်ကနေ အစပြုလာခဲ့လို့ ယူဆစရာပါ။ ရည်ရွယ်ချက်ရှိရှိ၊ တမင်ဖန်တီးခဲ့တာမဟုတ်ပါဘူး။ ဒီဗိုင်းရပ်စ်ရဲ့ ဂေဟရင်းမြစ်က လင်းနို့တွေမှာ အများစုရှိနိုင်ပါတယ်''ဟု ဖာလာဒီချစ်ဘ်က ပြောသည်။ လူအများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်၏ ဇစ်မြစ်နှင့်ပတ်သက်၍ ထင်ယောင်ထင်မှား အယူအဆများကို အရေးမစိုက်ဘဲ အချက်အလက်အပေါ် အာရုံစိုက်သင့်သည်ဟု ယင်းကဆိုသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ