နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌မူးယစ်ဆေးစွဲသမား ဘဝရောက်ရှိစေမည့် အမူအကျင့်

ရန်ကုန်   စက်တင်ဘာ  ၁


ယနေ့လူငယ်များထဲတွင် မူးယစ်ဆေးဝါးသုံးစွဲမှုက လွန်ခဲ့သော သုံးနှစ်က သုံးစွဲမှုအတိုင်းအတာထက် မြင့် တက်လာကြောင်းနှင့် မူးယစ်ဆေးဝါးအလွဲသုံးမှုများပြားလာကြောင်းနှင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန် ထားသည်။ ယနေ့လူငယ်များ မူးယစ်ဆေးဝါးအသွင် အလွဲသုံးနေသည့် ကော်သည် ဓာတုပစ္စည်းလေးမျိုးကို အချိုးကျရောစပ်ရရှိသော သင်နာနှင့် ရော်ဘာပြား၊ ကော်မှုန့်တို့ကို ပေါင်းစပ်ပြီး ရရှိလာသည့် အိမ်သုံးပစ္စည်း ကော်ဖြစ်သည်။

ယင်းကို ရှုရှိုက်ခြင်းသည် ကော်ရှုခြင်းမဟုတ်ဘဲ ဓာတုပစ္စည်းလေးမျိုးကို ရှုရှိုက်ခြင်းဖြစ်သဖြင့် လွန်စွာ အန္တရာယ်ကြီးမားသည်။ နိုင်ငံတကာ လေ့လာတွေ့ရှိချက်များအရ ကော်ရှုခြင်းအပါအဝင်ဖြစ်သော အငွေ့ရှုခြင်း ကို ကမ္ဘာပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိရကြောင်း၊ သုံးစွဲသူအများစုမှာ အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ်ရှိ ဆယ်ကျော်သက်အရွယ်များဖြစ်ကြောင်း ကော်ရှုသူအများစုမှာ လေလွင့်သူများဖြစ်ပြီး ပြစ်မှုမျိုးစုံကို ကျူးလွန် တတ်သည့်ကို တွေ့ရှိရကြောင်း သိရှိရသည်။

ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အသက်  ၁၈ နှစ်မပြည့်သေးသည့် ကလေးသူငယ်များအား ဆေးရွက်ကြီးနှင့် ဆိုင်သောဆက်စပ်ပစ္စည်းများ ရောင်းဝယ်ခြင်းကို ပြင်းထန်စွာ တားမြစ်ပေးထားသည်။ မိမိတို့နိုင်ငံတွင် ဥပဒေ နှင့်  ပြဋ္ဌာန်းထားသည့် မူးယစ်ဆေးဝါးစာရင်းဝင်မဟုတ်သော မူးယစ်ဆေးဝါးချို့ရှိနေသေးသည်။ စားသုံးသူများ မစားသုံးရလျှင် မနေနိုင်အောင် စွမ်းဆောင်နိုင်သည့် ဆေးလိပ်နှင့် ကွမ်းပင်ဖြစ်သည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ကော်ရှုခြင်းကို အရေးမယူ နိုင်သော်လည်း တားမြစ်မှုကို ဥပဒေပုဒ်မ ၁၈၈ ဖြင့် ပြုလုပ်နိုင်ကြောင်း သိရသည်။ ကော်ရှုခြင်းနှင့် ပတ်သက်၍ ကာကွယ်တားဆီးရေးလုပ်ငန်းများ အပါအဝင် ပိုမိုထိရောက်ပြီး မိဘပြည်သူများ၊ လုပ်ငန်းရှင်များအပါအဝင် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ပညာရှင်များ၊ နှီးနှောဌာနများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက မူးယစ်ဆေးဝါးအသွင် အလွဲသုံးနေသည့် ကော်ရှုခြင်းကို ဝိုင်းဝန်းတားဆီးကာကွယ်ရှာဖွေဖော်ထုတ်မှုများ အောင်မြင်စေချင်ပါကြောင်း ။       ။






အခြားဆက်စပ်သတင်းများ