နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကပ်ရောဂါကြောင့် ဆိုးရွားလွန်းသည့် အစာရေစာပြတ်လပ်မှု ကြုံရနိုင်ဟု ကုလသမဂ္ဂ သတိပေး

ဧပြီ ၂၂၊ ဂျီနီဗာ COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် အလွန်ဆိုးရွားသည့် အစာရေစာ ပြတ်လပ်မှုများ ဖြစ်လာနိုင်သည်ဟု ကုလသမဂ္ဂက သတိပေးခဲ့သည်။ ကပ်ဘေးဆိုက်မှု မကြုံရရန် အရေးပေါ်လှုပ်ရှားမှု လိုအပ်နေပြီဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ အကြီးအကဲဖြစ်တဲ့ ဘီယာစလေက ပြောသည်။ ဆာလောင်မှု ခံစားရသူအရေအတွက်မှာ ၁၃၅ သန်းမှ သန်း ၂၅၀ ကျော်အထိ ရှိလာနိုင်သည်ဟု အစီရင်ခံစာတစ်ရပ်တွင် ခန့်မှန်းဖော်ပြထားသည်။ နိုင်ငံရေးပဋိပက္ခ၊ စီးပွားရေးအကျပ်အတည်းနှင့် ရာသီဥတုပြောင်းလဲမှု သက်ရောက်ခဲ့သည့် ယီမင်၊ ကွန်ဂို၊ အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလား၊ အီသီယိုးပီးယား၊ တောင်ဆူဒန်၊ ဆူဒန်၊ ဆီးရီးယား၊ နိုင်ဂျီးရီးယား၊ ဟေတီ နိုင်ငံ ၁၀ နိုင်ငံမှာ အစာရေစာ ရှားပါးပြတ်လပ်မှုဒဏ် ခံစားရနိုင်ခြေ အများဆုံးဖြစ်ကြောင်း WFP က ‌ပြောသည်။ ပြီးခဲ့သည့်နှစ်က တောင်ဆူဒန်နိုင်ငံတွင် လူဦးရေ၏ ၆၁ ရာခိုင်နှုန်းနီးပါး စားနပ်ရိက္ခာ အကျပ်အတည်း ကြုံခဲ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ COVID-19 ကပ်ရောဂါ မဖြစ်မီ အာဖရိကအရှေ့ပိုင်းနှင့် အာရှတောင်ပိုင်းနိုင်ငံများတွင် မိုးခေါင်ရေရှားမှု၊ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ကျိုင်းကောင်ကျရောက်မှုများ ကြုံခဲ့၍ အစားအစာ ရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံခဲ့သည် Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ