နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု မြင့်တက်နေသော်လည်း ကောလိပ်စာမေးပွဲများ ကျင်းပ

စက်တင်ဘာ ၁၊ နယူးဒေလီ


အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်လာခြင်းကို စိုးရိမ်နေပြီး ကန့်ကွက်မှုများ ရှိခဲ့သော်လည်း ကျောင်းသား၊ ကျောင်းသူ သန်းပေါင်းများစွာ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့် ကြိုးစားအားထုတ်မှု အပြင်းထန်ဆုံး ကောလိပ်စာမေးပွဲများ စတင်ကျင်းပနေပြီဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ကောလိပ်စာမေးပွဲများကို ရွှေ့ဆိုင်းပေးရန် ကျောင်းသား၊ ကျောင်းသူ အများအပြားက လှုပ်ရှားခဲ့ကြသည်။ ကောလိပ်စာမေးပွဲကို ရွှေ့ဆိုင်းပေးရန် လူမှုကွန်ရက်ပေါ်တွင် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး ယင်းတို့၏ စိုးရိမ်ပူပန်မှုကို တရားရုံးသို့ လျှောက်ထားသွားမည်ဟု ကျောင်းသား၊ ကျောင်းသူအချို့က ဆိုသည်။ သို့သော် စာမေးပွဲကျင်းပသည့် အမျိုးသားစာမေးပွဲစစ်ဆေးရေးအေဂျင်စီ (National Testing Agency)က စာမေးပွဲကို ရွှေ့ဆိုင်းရန် ငြင်းဆန်ခဲ့သည်။ 

ဘဝခရီးကို မဖြစ်မနေ ရှေ့ဆက်ရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ဘဝကို မရေရာ မသေချာသည့် အခြေအနေအောက်တွင် အချိန်ကြာကြာ မထားရန် လိုကြောင်း၊ ပညာသင်နှစ်တစ်နှစ်လုံး အချိန်မဖြုန်းနိုင်ကြောင်း အထက်တရားရုံးချုပ်က ဆိုခဲ့ပြီး ကျောင်းသားများ၏ အသနားခံတင်ပြမှုကို ပယ်ချခဲ့သည်။ ပူးတွဲဝင်ခွင့်စာမေးပွဲ(JEE)မှာ အင်ဂျင်နီယာကောလိပ်များ ဝင်ခွင့် ရ၊ မရဆိုသည့်အချက်ကို ဆုံးဖြတ်ပေးမည်ဖြစ်ပြီး စက်တင်ဘာလ ၆ ရက်အထိ စာမေးပွဲ ဖြေဆိုရမည်ဖြစ်သည်။ အဆိုပါစာမေးပွဲကို အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ပညာရေးစင်တာ ၆၆၀ တွင် စာမေးပွဲကျင်းပမည်ဖြစ်ပြီး ကျောင်းသား ၈၅၀၀၀၀ ကျော် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ နောက်ထပ် ကြိုးစားအားထုတ်မှု ပြင်းထန်သည့် စာမေးပွဲတစ်ရပ်မှာ ဆေးကျောင်းဝင်ခွင့် စာမေးပွဲ (NEET - The National Eligibility cum Entrance Test) ဖြစ်ပြီး စက်တင်ဘာလ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ စာမေးပွဲ ၂ ခုကို ဝင်ရောက်ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ ၂ ဒသမ ၅ သန်းရှိမည်ဟု ခန့်မှန်းထားသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ