နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာတွင် COVID-19 အတည်ပြုလူနာသစ်တွေ့သူ နေထိုင်သည့်အဆောင်ကို Lock Down ချထား

ရန်ကုန်၊  စက်တင်ဘာ  ၁


လူဦးရေထူထပ်များပြားသည့် လှိုင်သာယာမြို့နယ်တွင် COVID-19 အတည်ပြုလူနာသစ်တစ်ဦးတွေ့ရှိရပြီး ယင်းနေထိုင်သည့်အဆောင်ကို Lock Down ချထားကြောင်း လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ယင်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးလိုက်သည်။

''သူ့ရဲ့ မိသားစုဝင်တွေနဲ့ အဆောင်မှာနေထိုင်တဲ့သူတွေကိုတော့ Quarantine Centre ပို့လိုက်ပါပြီ။ အဆောင်ကိုလည်း Lock Down ချထားလိုက်ပါပြီ။ ရင်ဘတ်အောင့်လို့ဆိုပြီး ဆေးခန်းသွားပြရာကနေ တွေ့ရ တာပါ''ဟု လှိုင်သာယာမြို့နယ် ကျန်းမာရေးမှူး ဦးမျိုးမင်းက ပြောသည်။

လက်ရှိတွင် ယင်း၏ မိသားစုဝင် ၃ ဦး၊ ဆေးခန်းကသူနာပြ ၂ ဦးနှင့် အဆောင်တွင်နေထိုင်သူ ၁၆ ဦး၊ စုစုပေါင်း ၂၁ ဦးအား Quarantine Centre သို့ ပို့ဆောင်ထားပြီးဖြစ်သည့်အတွက် ယင်းတို့၏အခြေအနေကိုဆက်လက်စောင့်ကြည့်စစ်ဆေးသွားမည်ဟုလည်း ဦးမျိုးမင်းက ပြောသည်။

ယခုကဲ့သို့တွေ့ရှိခဲ့သည့် အတည်ပြုလူနာမှာ ရွှေလင်ပန်း၊ ကန်သာယာလမ်းသွယ်(၁)မှ အဆောင်တွင် နေထိုင်သော အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သက်ဆိုင်ရာဆေးခန်းသို့ ဆေးကုသမှုခံယူရန်အတွက် ဆေးစစ်ရာမှ Positive ပေါ်လာခြင်းဖြစ်သည်ဟု ဦးဝင်းမောင်က ရေးသားထားသည်။


ကျော်စိုးသူ (City News)






အခြားဆက်စပ်သတင်းများ