နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေးမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန်ကြေညာ

ရေး၊  စက်တင်ဘာ  ၁


၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ    အတွက် မွန်ပြည်နယ်၊ ရေးမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံး များတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ လွှတ်တော်အသီးသီး၏ ကိုယ်စားလောင်းအမည်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်)               ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်းများကို ကြေညာပေးထားပြီး ရေးမြို့နယ်၌ ပါတီ ၇ ခုမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း လေးဦးတို့ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဖြိုး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ