အိမ်မဲ စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ကျွဲလမ်းကျေးရွာအုပ်စု ကျောင်းစုကျေးရွာတွင် သြဂုတ် ၃၁ ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ်ကစတင်ပြီး လျှပ်စစ်မီး၊ လမ်းမီးစတင်ရရှိကြောင်း သိရသည်။
အဆိုပါလမ်းမီးရရှိရေးအတွက် နိုင်ငံတော်အစိုးရက ထရမ်စဖော်မာ(Transformer) 100 KVA တစ်လုံး မီးကြိုးများနှင့် ဓာတ်တိုင်များကိုထောက်ပံ့ပေးခဲ့ပြီး ကျေးရွာလူထု၏ ထည့်ဝင်ငွေ သိန်း ၁၂၀ ကျပ်ဖြင့်စတင် ၍ လမ်းမီးများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်ကကျောင်းစု ရွာသားပါ၊ ခုလိုလျှပ်စစ်မီးရရှိတာဟာ နိုင်ငံတော်အစိုးရကထောက်ပံ့ပေးမှုနဲ့ ကျွန်တော်တို့ရွာသားတွေ စည်းစည်းလုံးလုံးလုပ်ကြလို့ ရရှိခဲ့တာပါ။ ခုလမ်းမီးတိုင်တွေ ရွာထဲမှာ ၂၆ တိုင်ရှိပါ တယ်။ လမ်းမီးရရှိပြီဆိုတော့အိမ်သုံးလျှပ်စစ်မီးတွေလည်း မကြာခင်ရတော့မှာပါ။ ရွာကလူတွေကလည်း လျှပ်စစ်မီးစတင်ရရှိလို့ ပျော်ရွှင်နေကြပါတယ်လို့" အဆိုပါကျေးရွာသားတစ်ဦးကပြောသည်။
ချစ်သက်လယ်( အိမ်မဲ-ပြန်/ဆက်)